Sunday, July 8, 2012

ကံကြမ္မာဆိုတာ…


ကံကြမ္မာဆိုတာ အလိုအလျောက် ဖြစ်လာတဲ့အရာမဟုတ်ဘူး။ ကိုယ်တိုင်ဖန်တီးရင်း ကိုယ်ဖြစ်ချင်သလို ပြုလုပ်ရမဲ့ အရာတစ်ခုပါ။
နေလင်းအောင်


အလွန်အရေးပါသော တိုက်ပွဲတစ်ခုတွင် ဂျပန်ဗိုလ်ချုပ်ကြီးဟာ စစ်သည်အင်အား နည်းပါးလွန်းသော်လည်း တိုက်ခိုက်ဖို့ရန် ဆုံးဖြတ်လိုက်တယ်။ နိုင်မယ်ဆိုတာ သူမှာ ယုံကြည်ချက် အပြည့်ရှိနေပေမဲ့ သူ့စစ်သားတွေကတော့ သံသယ ဝင်နေကြတယ်။ သူတို့အားလုံး စစ်ပွဲဆီ ဦးတည်ချီတက်စဉ် ဘုရားကျောင်းတစ်ခုအရောက်မှာ ရပ်တန့်လိုက်ကြတယ်။ ဗိုလ်ချုပ်ကြီးဟာ စစ်သားတွေနဲ့အတူ ဆုတောင်းပြီးနောက် ငွေဒင်္ဂါပြားတစ်ခုယူကာ ပြောဆိုလိုက်တယ်။
“ကဲ…ဒီဒင်္ဂါပြားကို မြှောက်လိုက်မယ်။ ခေါင်းကျမယ်ဆိုရင် ငါတို့ နိုင်လိမ့်မယ်။ ပန်းကျမယ်ဆိုရင် ငါတို့ရှုံးလိမ့်မယ်။ ငါတို့ရဲ့ ကံကြမ္မာကို ကြည့်လိုက်ကြရအောင်”
ပြောရင်း သူဟာ ဒင်္ဂါပြားကို လေထဲမြှောက်လိုက်တယ။် စစ်သားအားလုံးဟာ ဒင်္ဂါပြား မြေပေါ်ရောက်သည့်တိုင် မမှိတ်မသုံ စူးစိုက်ကြည့်နေကြတယ်။ ခေါင်းကျသွားတဲ့အတွက် စစ်သားအားလုံး အလွန်ပျော်ရွှင်သွားကြတယ်။ ရန်သူတွေကို ယုံကြည်မှုအပြည့်ဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရာ အောင်ပွဲရပါတော့တယ်။
စစ်ပွဲပြီးတဲ့အခါ ဗိုလ်ကြီးတစ်ဦးက ဗိုလ်ချုပ်ကြီးကို မှတ်ချက်ပေးလိုက်တယ်။
“ဘယ်သူမှ ကံကြမ္မာကို မပြောင်းလဲနိုင်ပါဘူးဗျာ”
“သိပ်မှန်တာပေါ့”လို့ ဗိုလ်ချုပ်ကြီးက ပြန်လည်ပြောဆိုရင်း ငွေဒင်္ဂါပြားကို ပြလိုက်တယ်။ ဒင်္ဂါပြားမှာ နှစ်ဘက်လုံး ခေါင်းတွေနဲ့ပေါ့။

စဉ်းစားဆင်ခြင်စရာ
စစ်ပွဲတစ်ပွဲ တိုက်ခိုက်ရာမှာ စစ်သည်အင်အား အနည်းအများက ပမာနမကျပါဘူး။ ဘယ်လောက်ပင် အင်အားများပါစေ အောင်နိုင်ရမယ်လို့ ယုံကြည်ချက်မရှိဘူးဆိုရင်တော့ အောင်မြင်မှာမဟုတ်ပါဘူး။ အခြားတစ်ဘက်မှာလည်း ဘယ်လောက်ပဲ အင်အားနည်းပါးနေပါစေ အောင်မြင်ရမယ်လို့ ယုံကြည်ချက်အပြည့် ရှိနေမယ်ဆိုရင်တော့ အောင်မြင်ပါလိမ့်မယ်။ ယုံကြည်မှုဆိုတာ အောင်မြင်မှုအတွက် အရေးအကြီးဆုံး သော့ချက်တစ်ခုပါ။
ဘဝတိုက်ပွဲမှာ ငွေ၊ ပညာ၊ ဓနအင်အားနည်းပါးလို့ မအောင်မြင်နိုင်ဘူး ထင်နေမယ်ဆိုရင် ဘယ်တော့မှ အောင်မြင်မှာမဟုတ်ပါဘူး။ ယုံကြည်ချက် ပြတ်သားခိုင်မာနေမယ်ဆိုရင် မဖြစ်နိုင်ဘူး၊ မရနိုင်ဘူးဆိုတာ လူ့လောကမှာ မရှိပါဘူး။
ကံကြမ္မာဆိုတာ အလိုအလျှောက် ဖြစ်ပေါ်လာတဲ့ အရာမဟုတ်ပါ။ သင့်ကိုယ်တိုင်ဖန်တီးရင်း သင်ဖြစ်စေချင်သလို ပြုပြင်ပြောင်းလဲနိုင်တဲ့ အရာတစ်ခုပါ။ သင့်ကံကြမ္မာကို သင့်ကိုယ်တိုင် ပြောင်းလဲလိုက်ပါတော့။
နေလင်းအောင် ဘာသာပြန်ဆိုသည်။ 
Ref; Destiny by Unknown 
www.naylinaung1.blogspot.com 

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...