Tuesday, April 2, 2013

စိန်ရှာဖွေခြင်း





တစ်ခါတုန်းက အာဖရိကမှာရှိတဲ့ လယ်သမားတစ်ဦးဟာ ပျော်ရွှင်ပြီး တင်းတိမ်ရောင့်ရဲတယ်။ သူဟာ တင်းတိမ်ရောင့်ရဲတဲ့အတွက်ကြောင့် ပျော်ရွှင်ရတယ်။ ပျော်ရွှင်တဲ့အတွက်ကြောင့် တင်းတိမ်ရောင့်ရဲရတယ်။
တစ်နေ့မှာတော့ ပညာရှိတစ်ဦး သူ့ဆီရောက်လာပြီး စိန်တွေရဲ့ ဂုဏ်သိက္ခာနဲ့ စွမ်းအားတွေအကြောင်း ပြောပြပါတယ်။
“ခင်ဗျား လက်မအရွယ်လောက် စိန်တစ်တုံး ပိုင်ဆိုင်မယ်ဆိုရင် ခင်ဗျားကိုယ်ပိုင်မြို့တစ်မြို့ ရနိုင်ပါတယ်။ ခင်ဗျား လက်သီးဆုပ်လောက် စိန်တစ်တုံး ပိုင်ဆိုင်မယ်ဆိုရင်တော့ ခင်ဗျားကိုယ်ပိုင်နိုင်ငံ ရနိုင်ကောင်းပါတယ်” အဲဒီလိုပြောဆိုပြီး ပညာရှိကြီးက ထွက်ခွာသွားပါတယ်။
အဲဒီညမှာပဲ လယ်သမားဟာ အိပ်မပျော်ဖြစ်လာတယ်။ သူဟာ မပျော်မရွှင် ဖြစ်လာသလို တင်းတိမ်ရောင့်ရဲမှုလည်း မရှိတော့ပါဘူး။ သူဟာ တင်းတိမ်ရောင့်ရဲခြင်း မရှိတဲ့အတွက် မပျော်မရွှင်ဖြစ်ရတယ်။ မပျော်မရွှင် ဖြစ်တဲ့အတွက်ကြောင့် တင်းတိမ်ရောင့်ရဲခြင်းမရှိ ဖြစ်ရတယ်။ နောက်တစ်နေ့မှာတော့ သူဟာ သူရဲ့လယ်ယာကို ရောင်းချဖို့၊ သူ့မိသားစုကို ဂရုစိုက်ဖို့၊ စိန်တွေကိုရှာဖွေဖို့ အစီအစဉ်တွေ ပြုလုပ်ပါတယ်။
သူဟာ အာဖရိကတစ်ခွင် လှည့်လည်သွားလာပြီး ရှာဖွေပေမယ့် စိန်တစ်ပွင့်လောက်တောင်မှ မတွေ့နိုင်ခဲ့ပါဘူး။ ဥရောပတိုက်တစ်ခွင်သွားပြီး ရှာပေမယ့်လည်း မတွေ့ရပြန်ဘူး။ စပိန်ပြည်ကို သူရောက်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ခံစားရသလို၊ ငွေလည်း သိပ်မကျန်တော့ပါဘူး။ သူဟာ အလွန်အမင်း စိတ်ဓာတ်ကျဆင်းသွားတဲ့အတွက်ကြောင့် ဘာစီလိုနာမြစ်ထဲဆင်းပြီး သတ်သေချင်စိတ် ပေါက်သွားမိပါတယ်။
အိမ်ပြန်ရောက်တဲ့အခါ သူ့လယ်မြေကို ဝယ်ယူခဲ့တဲ့သူဟာ လယ်ကွင်းကို ဖြတ်သန်းစီးဆင်းနေတဲ့ စမ်းချောင်းဘေးမှာ ကုလားအုတ်တွေကို ရေလောင်းပေးနေပါတယ်။ နေရောင်ခြည်ဟာ စမ်းချောင်းကိုဖြတ်သန်းပြီး ကျောက်တုံးတစ်တုံးပေါ် ကျရောက်တဲ့အခါ အဲဒီကျောက်တုံးကနေ သက်တံရောင်စဉ်တန်းလို အရောင်ဖြာထွက်လာပါတယ်။ သူဟာ ကျောက်တုံးကိုကောက်ပြီး ဧည့်ခန်းဆောင်မှာ ထားလိုက်ပါတယ်။
အဲဒီနေ့ခင်းမှာပဲ ပညာရှိကြီး ရောက်လာပြီး အရောင်ဖြာထွက်နေတဲ့ ကျောက်တုန်းကို တွေ့မြင်မိပါတယ်။ သူဟာ ယခင်လယ်ပိုင်ရှင်အကြောင်း မေးမြန်းစုံစမ်းတယ်။ လယ်ပိုင်ရှင်အသစ်က ပြန်ပြောပါတယ်။ “မသိဘူးဗျ။ ဘာဖြစ်လို့ မေးတာလဲ။”
ပညာရှိကြီးက ပြောလာပါတယ်။ “ဒီကျောက်တုံးက စိန်ပါ။ ကျွန်တော်ဟာ စိတ်တစ်တုံးကို တွေ့မြင်တဲ့အခါ စိန်ဟုတ်မဟုတ် သိပါတယ်”
လယ်ပိုင်ရှင်အသစ်က ပြန်ပြောပါတယ်။ “မဟုတ်လောက်ဘူးဗျ။ ဒီကျောက်တုံးကို စမ်းချောင်းထဲကနေ ကောက်ယူလာတာပါ။ လိုက်ခဲ့ဗျာ။ ခင်ဗျားကို ကျွန်တော်ပြပါမယ်။ အဲဒီကျောက်တုံးမျိုးတွေ အများကြီး ရှိပါသေးတယ်”
သူတို့နှစ်ဦး စမ်းချောင်းဆီသွားပြီး နမူနာ ကျောက်တုံးတွေကို ကောက်ယူကာ စိန်ဟုတ်မဟုတ် စမ်းသပ်စစ်ဆေးစေပါတယ်။ အဲဒီကျောက်တွေဟာ တကယ့်စိန်တွေ ဖြစ်နေပါတယ်။ တကယ်တော့ လယ်မြေတစ်ခုလုံးဟာ စိန်ဧကပေါင်းများစွာနဲ့ ဖုံးလွှမ်းနေကြောင်း သူတို့ တွေ့ရှိခဲ့ပါတော့တယ်။ 

ပုံပြင်ရဲ့ သင်ခန်းစာ

ကျွန်တော်တို့ရဲ့သဘောထား မှန်ကန်နေတဲ့အခါ ကျွန်တော်တို့ဟာ စိန်ဧကပေါင်းများစွာအပေါ် လျှောက်လှမ်းနေကြောင်း သိမြင်ပါလိမ့်မယ်။
အခွင့်အရေးဆိုတာ အများအားဖြင့် ကျွန်တော်တို့ရဲ့ ခြေဖဝါးအောက်မှာပါ။ အခြား တစ်နေရာရာသွားဖို့ မလိုအပ်ပါဘူး။ ကျွန်တော်တို့လိုအပ်နေတာကတော့ အခွင့်အရေးကို သိမြင်ဖို့ပါပဲ။
အခွင့်အရေးကို သဘောမပေါက၊် မသိမြင်တဲ့အခါမျိုးမှာ လူတွေဟာ အခွင့်အရေးရဲ့ တံခါးခေါက်သံကြောင့် ဆူညံမှုကို ညည်းညူမိတတ်ကြပါတယ်။
တူညီတဲ့ အခွင့်အရေးဆိုတာ ဘယ်တော့မှ နှစ်ကြိမ်ခေါက်ရိုး ထုံးစံမရှိပါဘူး။ နောက်တစ်ကြိမ်ခေါက်လာတဲ့ အခွင့်အရေးဆိုတာ ပိုကောင်းချင်ကောင်းမယ်၊ ဒါမှမဟုတ် ပိုဆိုးချင်ဆိုးမယ်။ ဒါပေမယ့် တူညီတဲ့ အခွင့်အရေးတော့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။

နေလင်းအောင်
www.naylinaung1.blogspot.com  

The Best English Magazine, April, 2013 ထုတ်တွင် ဖော်ပြပါရှိပြီး။

 မူရင်း အင်္ဂလိပ်စာ



 Searching diamonds

There was a farmer in Africa who was happy and content. 
He was happy because he was content. He was content because he was happy.
One day a wise man came to him and told him about the glory of diamonds 
and the power that goes along with them. The wise man said, 

"If you had a diamond the size of your thumb, you could have your own city. 
If you had a diamond the size of your fist, you could probably own your own country." 
And then he went away. That night the farmer couldn't sleep. He was unhappy 
and he was discontent. He was unhappy because he was discontent and 
discontent because he was unhappy.
 The next morning he made arrangements to sell off his farm, 
took care of his family and went in search of diamonds. 
He looked all over Africa and couldn't find any. He looked all through Europe 
and couldn't find any.  When he got to Spain, he was emotionally, 
physically and financially broke. He got so disheartened that 
he threw himself into the Barcelona River and committed suicide.
Back home, the person who had bought his farm was watering 
the camels at a stream that ran through the farm. Across the stream, 
the rays of the morning sun hit a stone and made it sparkle like a rainbow. 
He thought it would look good on the mantle piece. He picked up 
the stone and put it in the living room.
That afternoon the wise man came and saw the stone sparkling. 
He asked, "Is Hafiz back?" The new owner said, "No, why do you ask?" 
The wise man said, "Because that is a diamond. I recognize one when I see one." 
The man said, no, that's just a stone I picked up from the stream. Come, I'll show you.
There are many more." They went and picked some samples and sent them 
for analysis. Sure enough, the stones were diamonds. They found that 
the farm was indeed covered with acres and acres of diamonds.
What is the moral of this story? There are five morals:

1. When our attitude is right, we realize that we are all walking on acres 
and acres of diamonds. Opportunity is always under our feet. 
We don't have to go anywhere. All we need to do is recognize it.

2. The grass on the other side always looks greener.

3. While we are dyeing the grass on the other side, there are others 
who are dyeing the grass on our side. They would be happy to trade places with us.

4. When people don't know how to recognize opportunity, 
they complain of noise when it knocks.

5. The same opportunity never knocks twice. The next one may be 
better or worse, but it is never the same one.


Author:Unknown

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...