Sunday, November 11, 2012

နိုင်ငံတကာ ထူးခြားသတင်းများ (၁၁.၁၁.၂၀၁၂)

(၃) အသက် (၉)နှစ်အရွယ်ရှိ မိန်းကလေးငယ် အသက်ရှင်ရန်အတွက် နေ့စဉ်နွားနို့
(၆)ပိုင့် သောက်သုံးနေရ
Holly Lindley အမည်ရှိ အသက်ကိုးနှစ်အရွယ် ကျောင်းသူတစ်ဦးသည်
ရှားပါးသော ရောဂါတစ်မျိုးခံစားနေရပြီး အသက်ရှင်ရန်အတွက် နေ့စဉ်နေတိုင်း
နွားနို့(၆)ပိုင့် သောက်သုံးနေရကြောင်း သိရသည်။ သူမသည်
စားလိုက်သည့်အစားအစာများကို စွမ်းအင်အဖြစ် မပြောင်းလဲနိုင်သည့် Glycogen
Storage Disease ရောဂါ ခံစားနေရသဖြင့် နွားနို့များကို နည်းနည်းချင်း
အဆက်မပြတ် သောက်သုံးနေရသည်။ သို့မဟုတ်လျှင် သူမ မေ့မြောသွားနိုင်သည်။
အသက်(၃၅)နှစ်အရွယ်ရှိ မိခင်ဖြစ်သူ Karen က လွန်ခဲ့သော
သုံးနှစ်အတွင်း သူမအတွက် နွားနို့ဖိုး ပေါင် ၂၀၀၀ ခန့် ကုန်ကျခဲ့ကြောင်း
ပြောဆိုသည်။ "သမီး အသက်ရှင်ဖို့အတွက် နွားနို့သောက်ရန် အမြဲမပြတ်
သတိပေးနေရပါတယ်။ သမီးသာ သကြားဓာတ်ပါတဲ့ အချိုရည်မျိုးတွေ
သောက်မယ်ဆိုရင်တော့ ပိုပြီးလွယ်ကူနိုင်ပါတယ်။ ဒါပေမယ့် သမီးက
အဲဒီလိုအချိုရည်တွေ မကြိုက်ပါဘူး" ဟု မခင်ဖြစ်သူက ပြောဆိုသည်။
Holly နှစ်နှစ်သမီးအရွယ်က South Yorkshire ရှိ Doncaster
မြို့နေအိမ်တွင် မေ့လဲပြီးနောက် ဤရောဂါရှိနေကြောင်း
စတင်သိရှိခဲ့ရခြင်းဖြစ်သည်။ ဤရောဂါမျိုးသည် လူသုံးသန်းတွင် တစ်ဦးသာ
ဖြစ်ပေါ်လေ့ရှိသည်။
Holly အသက်ကြီးလာချိန်တွင် စွမ်းအင်ပိုမိုလိုအပ်မည်ဖြစ်သဖြင့်
နေ့စဉ်သောက်သုံးနေသည့် နွားနို့ပမာဏလည်း မြင့်မားလာနိုင်ကြောင်း သိရသည်။
မိခင်ဖြစ်သူ Karen နှင့် အသက်(၄၀)အရွယ်ရှိ ဖခင်ဖြစ်သူ Alan တို့သည်
သမီးဖြစ်သူ၏ စွမ်းအင်အဆင့်အတန်းကို စစ်ဆေးရန် သွေးစစ်ဆေးမှုကို
ပြုလုပ်ရသည်။ ဟိုလီသည် အခြားအချိန်များတွင် ချောကလက်ပါသည့်
မုန့်ပဲသွားရေစာများ စားလေ့ရှိကြောင်း သိရသည်။
Source: Mirror(9 Nov 2012)

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...