Sunday, December 16, 2012

နိုင်ငံရပ်ခြား ဟာသများ (၁၈)


တရားခံဘယ်သူလဲ
လယ်သမားသားသည် လှည့်ကွက်များဖြင့် အနှောင့်အယှက် ပြုတတ်သူတစ်ဦးဖြစ်သည်။ သူ့ဖခင်က အလိုလိုက်ထားသော်လည်း ဥဒေါင်းကို အနှောင့်အယှက်ပြုလျှင် ဒုက္ခရောက်လိမ့်မည်ဖြစ်ကြောင်း သတိပေးထားသည်။ တစ်နေ့တွင် ကောင်ကလေးသည် ကြက်ကလေးများကိုခြောက်လှန့်ရန် ကြက်လှောင်အိမ်ထဲရှိ ကြက်ဥများကို ဆေးရောင်ခြယ်ထားလိုက်သည်။ ထို့နောက် ဖြစ်ပေါ်လာမည့်အချင်းအရာကို စောင့်ကြည့်နေလိုက်သည်။
        အနည်းငယ်အကြာတွင် ကြက်ဖမြီးကောင်ပေါက်မှာ ကြက်လှောင်အိမ်သို့ ပြန်ရောက်လာသည်။ ကြက်ဥများ အရောင်းပြောင်းနေသည်ကို တွေ့သောအခါ ကြက်ဖမြည်းကောင်ပေါက်မှာ ဒေါသထွက်ကာ ကျယ်လောင်စူးရှစွာ အော်မြည်လိုက်သည်။ ကောင်ကလေးသည် စနောက်ရသည်မှာ ပျော်စရာကောင်းသည်ဟု တွေးထင်ရင်း ရယ်မောလိုက်မိသည်။ သူသည်ဆက်လက် စောင့်ကြည့်နေရာ ကြက်ဖမြီးကောင်ပေါက်သည် ဒေါနှင့်မောနှင့်ထွက်သွားကာ ဥဒေါင်းကို ပေါက်သတ်လိုက်ကြောင်း တွေ့ရလေတော့သည်။
ခြားနားချက်
သား။         ။ဖေဖေ…သေနပ်တစ်လက်နဲ့ စက်သေနပ်တစ်လက်ကြား ခြားနားချက်က ဘာလဲဟင်။
ဖခင်။         ။အဲဒီခြားနားချက်က သိပ်ကို ကြီးမားတယ်။ ပြောရရင်တော့ ငါစကားပြောတာနဲ့ မင်းအမေစကားပြောတာ ခြားနားသလိုပေါ့ကွာ။
ဖန်ဆင်းမိမှား
ကနဦးတွင် ဘုရားသခင်သည် ကမ္ဘာမြေကြီးကို ဖန်ဆင်းပြီးနောက် အနားယူလိုက်သည်။ ထို့နောက် ဘုရားသခင်သည် လူယောက်ျားကို ဖန်ဆင်းကာ အနားယူလိုက်ပြန်သည်။ ထို့နောက် ဘုရားသခင်သည် လူမိန်းမကို ဖန်ဆင်းလိုက်သည်။ ထို့အချိန်မှစ၍ ဘုရားသခင်ရာ၊ လူယောက်ျားပါ အနားယူချိန် မရရှိတော့ချေ။
ကွာရှင်းစရိတ်
“ဟန်နီရေ… မင်းမွေးနေ့အတွက် ကျားသစ်ရေနဲ့လုပ်ထားတဲ့ အနွေးထည်လက်ဆောင် မယူချင်ဘူးလား”
“ဟင့်အင်…ကျွန်မသဘောမကျဘူး”
“မင့်ခ် သားမွေးကုတ်အင်္ကျီဆိုရင်ရော…”
“ဟင့်အင်…ကျေးဇူးတင်ပါတယ်”
“စိန်ဘယက်ဆိုရင် မကောင်းဘူးလား”
“မဟုတ်သေးဘူးရှင့်။ ကျွန်မ တကယ်လိုချင်နေတာက ရှင်နဲ့ ကွာရှင်းပြတ်စဲချင်တာပါ”
“ဟာ…ဒါလောက် ဈေးကြီးတာတော့ ကိုယ်လည်းမတတ်နိုင်ဘူးကွာ”

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...