Showing posts with label စိတ်ခွန်အားပေးစာစု. Show all posts
Showing posts with label စိတ်ခွန်အားပေးစာစု. Show all posts

Wednesday, December 4, 2013

ပညာနှင့် ကောင်းစွာ ဝေဖန်ပိုင်းခြားနိုင်စွမ်း


(The Light of English Magazine, December, 2013)
တစ်ခါတုန်းက လမ်းဘေးမှာ အသားညှပ်ပေါင်မုန့်တွေ ရောင်းချနေတဲ့ လူတစ်ဦးရှိခဲ့တယ်။ သူဟာ စာမတတ်တဲ့အတွက်ကြောင့် ဘယ်တုန်းကမှ သတင်းစာ မဖတ်ခဲ့ပါဘူး။ သူဟာ နားထိုင်းတဲ့အတွက်ကြောင့် ရေဒီယိုလည်း နားထောင်ခြင်း မရှိခဲ့ပါဘူး။ သူဟာ မျက်စိမှုန်တဲ့အတွက်ကြောင့် ရုပ်မြင်သံကြားလည်း ကြည့်ရူ့ခဲ့ခြင်း မရှိပါဘူး။ 
ဒါပေမယ့် သူဟာ အသားညှပ်ပေါင်မုန့်တွေကို စိတ်အားထက်သန်စွာ ရောင်းချခဲ့တယ်။ သူ့ရဲ့ ရောင်းအားနဲ့ အကျိုးအမြတ်ဟာ မြင့်တက်လာခဲ့တယ်။ သူဟာ အသားတွေပိုမှာရင်း ပိုကြီးပြီး ပိုကောင်းတဲ့ မီးဖိုတစ်ခုကိုလည်း ဝယ်ယူခဲ့ပါတယ်။ 
သူ့ရဲ့စီးပွားရေး တိုးတက်လာနေစဉ် မကြာသေးမီက ဘွဲ့ရခဲ့တဲ့ သူ့သားဟာ ဖခင်ဖြစ်သူထံ လာရောက်ပူးပေါင်းပါတယ်။ အဲဒီနောက် ထူးခြားမှုတစ်ခု ဖြစ်ပွားခဲ့တယ်။ သားဖြစ်သူက မေးလိုက်ပါတယ်။ “ဖေဖေ…ကျွန်တော်တို့ တွေ့ကြုံလာရမယ့် စီးပွားရေးကျဆင်းမှုကို သတိမပြုမိဘူး မဟုတ်လား”ဖခင်ဖြစ်သူက ပြန်ပြောလိုက်ပါတယ်။ “သတိမပြုမိဘူး။ ဖေဖေကို ပြောပြပါလားကွ။” သားဖြစ်သူက ပြောပြပါတယ်။ “နိုင်ငံတကာ အခြေအနေတွေဟာ ဆိုးရွားနေပါတယ်။ ပြည်တွင်းအခြေအနေက ပိုပြီးတောင် ဆိုးသေးတယ်။ ကျရောက်လာမယ့် အခက်အခဲတွေအတွက် ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားသင့်တယ်။” 
သူ့သားဟာ ကောလိပ်တစ်ခုမှ ဘွဲ့ရလာခဲ့သည့်အပြင် သတင်းစာလည်းဖတ်၊ ရေဒီယိုလည်း နားထောင်တဲ့အတွက်ကြောင့် အများကြီး သိလိမ့်မယ်။  သားရဲ့အကြံပေးမှုကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူးလို့ ဖခင်ဖြစ်သူက တွေးလိုက်မိပါတယ်။ ဒါကြောင့် နောက်တစ်နေ့မှာ ဖခင်ဖြစ်သူဟာ အသားတွေနဲ့ပေါင်မုန့်မှာယူမှု လျှော့ချလိုက်ပြီး ဆိုင်းဘုတ်တစ်ခုလည်း ချိတ်ထားလိုက်တယ်။ ပြီးတော့ သူဟာ အလုပ်မှာလည်း စိတ်အားထက်သန်မှု မရှိတော့ပါဘူး။  
မကြာမီ သူ့ရဲ့အသားညှပ်ပေါင်မုန့်ဆိုင်မှာ လာဝယ်တဲ့လူတွေ နည်းနည်းလာတော့တယ်။ ပြီးတော့ ရောင်းချရမှုလည်း အလျင်အမြန် လျော့ကျလာခဲ့တယ်။ ဖခင်က သားဖြစ်သူကို ပြောလိုက်ပါတယ်။ “သားရေ…သားပြောတာ မှန်သားပဲ။ ဖေဖေတို့ ရောင်းအားကျနေပြီ။ ကြိုတင်ပြီး သတိပေးခဲ့တဲ့အတွက် သားကို ကျေးဇူးတင်ပါတယ်။”

ပုံပြင်ရဲ့ သင်ခန်းစာ

(၁) ကျွန်တော်တို့ဟာ အကြိမ်ပေါင်းများစွာပင် ကောင်းကောင်းမွန်မွန် အကဲဖြတ်နိုင်၊ ဥာဏ်မသုံးနိုင်ဘဲ တွေဝေနေတတ်ကြတယ်။

(၂) လူတစ်ယောက်ဟာ အသိဥာဏ် မြင့်မားနိုင်ပေမယ့် ညံ့ဖျင်းတဲ့ အကဲဖြတ်မှု ပြုလုပ်မိတတ်ပါတယ်။

(၃) သင့်ရဲ့ အကြံပေးသူတွေကို ဂရုတစိုက်ရွေးချယ်ပြီး ကိုယ်တိုင် ချင့်ချိန် အကဲဖြတ်လိုက်ပါ။

(၄) လူတစ်ယောက်မှာ (5 Cs )ရှိမယ်ဆိုရင် ပညာတတ်သည့်ဖြစ်စေ၊ ပညာမတတ်သည့်ဖြစ်စေ အောင်မြင်နိုင်ပါတယ်။ ဒါတွေကတော့ (Character) အရည်အချင်း၊ (Commitment) တာဝန်ယူခြင်း၊ (Conviction) ခိုင်မာတဲ့ ခံယူချက်၊ (Courtesy )စိတ်စေတနာနဲ့ (Courage) ရဲရင့်ခြင်းတို့ပါပဲ။
 

(၅) ဝမ်းနည်းဖွယ်ကောင်းတာကတော့ ကျရှုံးမှု တွေ့ကြုံနေရတဲ့လူတွေအတွက် လက်ကိုင်တောင်ဝှေးအဖြစ် အသုံးပြုနိုင်တဲ့ စွယ်စုံကျမ်းတွေ အများကြီးရှိနေတယ်ဆိုတာ မသိရှိခြင်းပါပဲ။
  
Educational and Good Judgment
Written by Krishna Khanna
There is a story about a man who sold hot dogs by the roadside. He was illiterate, so he never read newspapers. He was hard of hearing, so he never listened to the radio. His eyes were weak, so he never watched television.

But enthusiastically, he sold lots of hot dogs. His sales and profit went up. He ordered more meat and got himself a bigger and a better stove.

As his business was growing, the son, who had recently graduated from college, joined his father. Then something strange happened. The son asked, "Dad, aren't you aware of the great recession that is coming our way?"

The father replied, "No, but tell me about it." The son said, "The international situation is terrible. The domestic is even worse. We should be prepared for the coming bad time."

The man thought that since his son had been to college, read the papers, and listened to the radio, he ought to know and his advice should not be taken lightly. So the next day, the father cut down his order for the meat and buns, took down the sign and was no longer enthusiastic.

Very soon, fewer and fewer people bothered to stop at his hot dog stand. And his sales started coming down rapidly. The father said to his son, "Son, you were right. We are in the middle of a recession. I am glad you warned me ahead of time."

What is the moral of the story?

1. Many times we confuse intelligence with good judgment.

2. A person may have high intelligence but poor judgment.

3. Choose your advisers carefully and use your judgment.

4. A person can and will be successful with or without formal education if they have the 5 Cs: Character, Commitment, Conviction, Courtesy, Courage

5. The tragedy is that there are many walking encyclopedias who are living failures.
နေလင်းအောင်
http://naylinaung1.blogspot.com/







Friday, May 17, 2013

သင်ဟာ လင်းယုန်ငှက်တစ်ကောင်




တစ်နေ့မှာ လယ်သမားတစ်ဦးဟာ လင်းယုန်ငှက်ဥတစ်လုံး တွေ့ပြီး အိမ်သယ်လာခဲ့ပါတယ်။ သူဟာ လင်းယုန်ငှက်ဥကို သားပေါက်ရန်အလိုငှာ  ကြက်ဥအချို့နဲ့ ထားလိုက်ပါတယ်။ လင်းယုန်ငှက်ကလေးဟာ ကြက်ကလေးတွေနဲ့အတူ ပေါက်ဖွားလာပါတယ်။ သူဟာ သူ့ဘဝကို အခြားကြက်ကလေးတွေနဲ့ မိခင်ကြက်မကြီးလိုပဲ စတင်ခဲ့ပါတယ်။ သူဟာ ကြက်ကလေးတွေ လုပ်တဲ့အတိုင်း လိုက်လုပ်ပါတယ်။ သူဟာ ကြက်ကလေးတွေကဲ့သို့ပင် စားသောက်တယ်။ ရွေ့လျားလမ်းလျှောက်တယ်။ ကြက်တွန်သံပေးတယ်။

တစ်နေ့မှာတော့ အနီးမှာပျံသန်းနေတဲ့ လင်းယုန်ငှက်ကြီးတစ်ကောင်ဟာ ကြက်ကလေးတွေနဲ့အတူ ရောနှောနေတဲ့ လင်းယုန်ငှက်လေးကို တွေ့မြင်လိုက်ပါတယ်။ သူဟာ လင်းယုန်ငှက်ကလေးနဲ့ စကားပြောဆိုဖို့ အောက်ဘက်သို့ ဆင်းလိုက်ပါတယ်။ အခြားကြက်ကလေးအားလုံးဟာ လင်းယုန်ငှက်ကို ကြောက်တဲ့အတွက်ကြောင့် ထွက်ပြေးကြပါတယ်။ လင်းယုန်ငှက်ကလေးလည်း ပြေးဖို့ကြိုးစားပေမယ့် လင်းယုန်ငှက်ကြီးရဲ့ တားဆီးမှုကို ခံလိုက်ရပါတယ်။ လင်းယုန်ငှက်ကြီးက ပြောလာပါတယ်။ “ကြက်ကလေးတွေနဲ့ ဒီနေရာမှာ ဘာလုပ်နေတာလဲ။ မင်းဟာ ငါလိုပဲ လင်းယုန်ငှက်တစ်ကောင်ပါ။ ငါလိုပဲ ပျံသန်းနိုင်တယ်။ မင်းရဲ့အိမ်ဟာ ချောက်ကမ်းပါးတွေအကြား အမြင့်ကြီးမှာ တည်ရှိတယ်”

လင်းယုန်ငှက်လေးဟာ စိတ်ရှုပ်ထွေးသွားပြီး သူလည်း လင်းယုန်ငှက်ဖြစ်တယ်ဆိုတဲ့ အချက်ကိုတော့ လက်မခံနိုင်ခဲ့ပါဘူး။ လင်းယုန်ငှက်လေးက ပြောပါတယ်။ “ကျွန်တော်ဟာ ကြက်ကလေးတစ်ကောင်ပါ။ ဒီနေရာက အခြားကြက်ကလေးတွေနဲ့အတူ ကျွန်တော်နေရမယ့် နေအိမ်လည်းဖြစ်တယ်။ ကဲ ကြည့်ပါ။ ကျွန်တော် မပျံနိုင်ဘူးဗျ။” လင်းယုန်ငှက်ကြီးက လင်းယုန်ငှက်ကလေးကို သူ့လက်သည်းဖြင့် ဖမ်းဆုပ်ရင်း အားကောင်းတဲ့ တောင်ပံခတ်သံတွေနဲ့အတူ အနီးအနားရှိ ချောက်ကမ်းပါးဆီ သယ်ဆောင်သွားနိုင်ခဲ့ပါတယ်။ လင်းယုန်ငှက်ကြီးက “ဘယ်လိုပျံသန်းရမယ်ဆိုတာ သင်ပေးမယ်”လို့ ပြောဆိုပါတယ်။ ပျံသန်းခြင်းသင်ခန်းစာ စတင်တဲ့အချိန်မှာ လင်းယုန်ငှက်ကလေးဟာ အံ့သြတွေဝေစွာဖြင့် သူ တကယ် ပျံသန်းနိုင်တယ်ဆိုတာ သိလာပါတယ်။ တကယ်တော့ မအောင်မြင်ခင်တုန်းက အကြိမ်ပေါင်းများစွာ သူ လဲကျခဲ့ပါတယ်။ သူဟာ သူ့ဘဝအမှန်ကို လင်းယုန်ငှက်ကြီးရဲ့ အကူအညီနဲ့သိရှိပြီး ကြက်ကလေးတွေဆီ ဘယ်တော့မှ ပြန်မသွားတော့ပါဘူး။

သင်ခန်းစာ

ကျွန်တော်တို့အားလုံးဟာ လင်းယုန်ငှက်တွေအဖြစ် မွေးဖွားလာပြီး ကောင်းကင်မြင့်မြင့်မှာ ပျံသန်းနိုင်ကြပါတယ်။ ကျွန်တော်တို့ဟာ တစ်နေ့တာအတွက် မြေပြင်မှာပဲ အစာရှာစားနေရတဲ့ ကြက်ကလေးတွေ မဟုတ်ကြပါဘူး။ ကျွန်တော်တို့ကိုယ်အတွင်းမှာ ပိုပြီးမြင့်မားတဲ့ စွမ်းရည်တစ်ခုရှိပြီး အဲဒီစွမ်းရည်ကို သိမြင်နားလည်သင့်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ဟာ လင်းယုန်ငှက်ကြီးတစ်ကောင်လို အောင်မြင်နေသင့်ပါတယ်။ သို့မှသာ ကြက်ကလေးတွေလို့ထင်နေတဲ့ အခြားလင်းယုန်ငှက်ကလေးတွေကို ပျံသန်းတတ်ဖို့ တဖန်ပြန်ပြီး သင်ကြားပေးနိုင်ပါလိမ့်မယ်။ တစ်စုံတစ်ယောက်က ပြောခဲ့ဖူးသလိုပါပဲ။ “ဆင်းရဲသူတွေကို ကူညီဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ သင့်ကိုယ်တိုင် ဆင်းရဲနေဖို့ မလိုအပ်ပါဘူး”တဲ့။

နေလင်းအောင်
Ref; You Are an Eagle by Unknown Author
www.naylinaung1.blogspot.com

Monday, February 18, 2013

အမုန်းတရားအတွက် နှလုံးသားကို ဝန်မပိပါစေနဲ့





မူလတန်းပြ ဆရာမတစ်ဦးဟာ အတန်းထဲက ပြဿနာတစ်ရပ်ကို ဖြေရှင်းရန် ကလေးတွေနဲ့ ကစားပွဲတစ်ပွဲ ကစားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက်တစ်နေ့မှာ ဆရာမက ပလတ်စတစ်အိတ်နဲ့ အာလူးအချို့ထည့်ပြီး ယူဆောင်လာခဲ့ဖို့ တပည့်တွေကို စေခိုင်းလိုက်ပါတယ်။ အာလူတစ်လုံးစီမှာ ကိုယ်မုန်းတဲ့လူတစ်ဦးနာမည် ရေးထားရပါမယ်တဲ့။ ဒီတော့ ပလတ်စတစ်အိတ်ထဲမှာ ကလေးတွေထည့်ထားတဲ့ အာလူးအရေအတွက်ဟာ သူတို့မုန်းတီးနေတဲ့ လူအရေအတွက်အပေါ် မူတည်နေပါတယ်။
ကစားမည့်နေ့ ရောက်တဲ့အခါ ကလေးတစ်ဦးစီဟာ သူတို့မုန်းတဲ့ သူတွေရဲ့ နာမည်ရေးထားတဲ့ အာလူးတွေကို ယူဆောင်လာကြပါတယ်။ အချို့ကလေးတွေက အာလူးနှစ်လုံး၊ အချို့ကတော့ သုံးလုံး ယူဆောင်လာကြပါတယ်။ ငါးလုံးအထိ ယူဆောင်လာတဲ့ ကလေးအချို့လည်း ရှိပါတယ်။
ဆရာမက တစ်ပတ်အကြာ သွားလေရာနေရာတိုင်း (အိမ်သာထဲပင်မကျန်) အာလူးတွေထည့်ထားတဲ့ ပလတ်စတစ်အိတ်ကို သယ်ဆောင်သွားဖို့ တပည့်တွေကို စေခိုင်းလိုက်ပါတယ်။ တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးလာတဲ့အခါ တပည့်တွေဟာ သူတို့သယ်ဆောင်လာရတဲ့ အာလူးပုပ်တွေကနေ ထွက်ပေါ်လာတဲ့ မနှစ်မြို့ဖွယ် အနံ့အသက်တွေကြောင့် စတင်ညည်းညူလာတော့တယ်။
အာလူးငါးလုံးအထိ သယ်ဆောင်ရတဲ့ကလေးတွေကတော့ အာလူးအိတ်တွေရဲ့ ပိုပြီးလေးတဲ့ အလေးချိန်ကို စတင်ခံစားလာရတယ်။ တစ်ပတ်အကြာမှာ ဆရာမက ကစားပွဲပြီးဆုံးကြောင်း ပြောလိုက်တဲ့အချိန်မှသာ ကလေးတွေဟာ စိတ်သက်သာရာ ရသွားကြတယ်။ ဆရာမက ကလေးတွေကို မေးလိုက်ပါတယ်။
“တပည့်တို့ တစ်ပတ်အကြာ အာလူးတွေ သယ်ဆောင်သွားရတော့ ဘယ်လိုခံစားရသလဲ။”
တပည့်တွေဟာ စိတ်မချမ်းမြေ့စွာနဲ့ သူတို့ခံစားနေရတဲ့ ဒုက္ခဝေဒနာတွေကို စတင်ညည်းညူ ပြောဆိုကြပါတယ်။ သူတို့ဟာ သွားလေရာအရပ်တိုင်း အာလူးတွေရဲ့ အလေးချိန်ရော၊ မကောင်းတဲ့ အနံ့အသက်တွေရော ခံစားကြရပါတယ်တဲ့။
အဲဒီနောက် ဆရာမက ကစားပွဲနောက်ကွယ်မှာ ကွယ်ဝှက်ထားတဲ့ အဓိပ္ပါယ်ကို စတင်ရှင်းပြပါတယ်။ “ဒါဟာ တပည့်တို့မုန်းနေတဲ့ လူတွေကို နှလုံးသားထဲ သယ်ဆောင်သွားတာမျိုးနဲ့ တူညီလွန်းလှပါတယ်။ တပည့်တို့မုန်းတဲ့ လူတွေရဲ့ အနံ့အသက်တွေဟာ တပည့်တို့ရဲ့ နှလုံးသားကို ညစ်ညမ်းစေပါတယ်။ ဒီတော့ တပည့်တို့ဟာ သွားလေရာအရပ်တိုင်း မလိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုကို သယ်ဆောင်ရင်း အဆုံးသတ်ရတတ်ပါတယ်။
တပည့်တို့ဟာ အာလူးပုပ်တွေရဲ့ အနံ့ကိုပင် တစ်ပတ်အကြာ သည်းမခံနိုင်ဘူးဆိုရင် တစ်ဘဝလုံး ကိုယ့်နှလုံးသားထဲမှာ သယ်ဆောင်သွားရမယ့် မုန်းတီးနေတဲ့လူတွေရဲ့ အနံ့အသက်တွေဟာ ဘယ်လောက်တောင် ဝန်ထုပ်ဝန်ပိုး ဖြစ်စေလိမ့်မယ်ဆိုတာ သဘောပေါက်မယ် ထင်ပါတယ်။”
ပုံပြင်က ပေးသော သင်ခန်းစာ
သင့်နှလုံးသားထဲမှာ အခြားသူတွေအပေါ်ထားတဲ့ အမုန်းတရားတွေကို ဖယ်ရှားပစ်လိုက်ပါ။ အကြောင်းကတော့ သင့်ဘဝတစ်လျှောက်လုံး မလိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုးကို မသယ်ဆောင်မိဖို့ပါ။
အကောင်းဆုံးကတော့ အခြားသူတွေအပေါ် သည်းခံခွင့်လွှတ်တတ်တဲ့ စိတ်ထားရှိနေဖို့ပါ။ ကိုယ်မနှစ်သက်တဲ့သူတွေကိုပင် မေတ္တာထားနိုင်ပါစေ။
မေတ္တာစစ်ဆိုတာ အပြစ်ဆိုဖွယ်မရှိတဲ့ လူတစ်ဦးကို ချစ်မြတ်နိုးတတ်ခြင်း မဟုတ်ပါဘူး။ မပြည့်စုံတဲ့လူတစ်ဦးကို နှစ်နှစ်ကာကာ ချစ်မြတ်နိုးတတ်ခြင်းပါပဲ။
နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; Do You Hate Someone? By Unknown Author
ဝန်ခံချက်။   ။ကျွန်တော် ဘာသာပြန်ဆိုတုန်းက စာပုဒ်ဟာ အောက်မှာပေးထားတဲ့ စာပုဒ်နဲ့ အနည်းငယ်ကွဲလွဲပါတယ်။ မူရင်းပြန်ဆိုတုန်းက စာပုဒ်ကို ပြန်လိုချင်ပေမယ့် လင့်ခ်မသိတော့တော့ကြောင်း အင်တာနက်မှာ ရှာဖွေရာ ဒီစာအတိုင်း ထွက်လာပါတယ်။ ပြန်မပြင်ချင်တော့တာကြောင့် အနည်းငယ်ကွဲလွဲပါက နားလည်ပေးပါရန် ပန်ကြားအပ်ပါတယ်ခင်ဗျာ။ 
မူရင်း အင်္ဂလိပ်စာ...

Wednesday, January 16, 2013

လက်ဖက်ရည် တစ်ခွက်




         မီဂျီခေတ် (1868-1912)တုန်းက ဂျပန်လူမျိုး ဇင်ဆရာကြီး နန်အင်ထံသို့ တက္ကသိုလ်တစ်ခုမှ ပါမောက္ခတစ်ဦး ရောက်လာကာ ဇင်ဘာသာအကြောင်း စုံစမ်းမေးမြန်းပါတယ်။
        နန်အင်က သူ့ကို လက်ဖက်ရည်နဲ့ဧည့်ခံတယ်။ သူဟာ ဧည့်သည်ရဲ့ခွက်ထဲ လက်ဖက်ရည်အပြည့် လောင်းထည့်ပြီးပေမယ့် ဆက်လက်ပြီး လောင်းထည့်နေခဲ့ပါတယ်။
         ပါမောက္ခက လက်ဖက်ရည်တွေ လျှံကျနေတာကို တွေ့တော့ စိတ်မထိန်းနိုင်တော့ဘဲ ပြောလာပါတယ်။
         “လက်ဖက်ရည်တွေ ပြည့်လျှံနေပြီ။ နောက်ထပ် ထည့်လို့ မရတော့ဘူးလေ။”
         ထို့အခါ နန်အင်က ပြောလိုက်ပါတယ်။
        “ဒီလက်ဖက်ရည်ခွက်လိုပဲ။ ခင်ဗျားမှာလည်း ကိုယ်ပိုင်အယူအဆတွေ၊ မှန်းဆချက်တွေနဲ့ ပြည့်နေပါတယ်။ ပထမဆုံး ခင်ဗျားကိုယ်ထဲက အရာအားလုံး သွန်မပစ်ဘဲနဲ့တော့ ဇင်ပညာအကြောင်း ပြသလို့ မရနိုင်ပါဘူး”


စဉ်းစားဆင်ခြင်စရာ

       သင့်ရဲ့ဖန်ခွက်ထဲမှာ တစ်ခုခု ထည့်ထားခဲ့တယ်ဆိုပါစို့။ နောက်တစ်ခု ထည့်ချင်တဲ့အခါ ရောထည့်လို့ တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ တစ်ခုပဲ ရွေးစရာရှိပါတယ်။ ပထမထည့်ခဲ့တဲ့ အရာအားလုံး သွန်ပစ်ပြီး နောက်တစ်ခု ပြောင်းလဲထည့်နိုင်ပါတယ်။
       ကျွန်တော်တို့ဟာ တစ်ခုခုကို တစ်ဖက်ကမ်းရောက်အောင် သင်ယူပြီးမြောက်ခဲ့တယ်ဆိုပါစို့။ ဒုတိယတစ်ခု သင်ယူတဲ့အခါမှာ ပထမသင်ယူခဲ့ရတဲ့ သဘောတရားတွေက လွှမ်းမိုးနေတဲ့အတွက်ကြောင့်  သင်ယူရာမှာ အဟန့်အတား ဖြစ်နေတတ်ပါတယ်။
         ပညာရပ်တစ်ခု သင်ယူရာမှာ ပထမ တတ်သိထားခဲ့တဲ့ ပညာအားလုံး ခဏမေ့ထားပြီးမှ ဒုတိယတစ်ခုကို သင်ယူပါ။
         အချို့သော သဘာဝလွန်ဖြစ်ရပ်တွေဟာ သိပ္ပံနည်းတကျ ရှင်းပြလို့ မရနိုင်တဲ့အတွက်ကြောင့် ကိုယ်သင်ယူခဲ့တဲ့ ပညာရပ်တွေနဲ့ စဉ်းစားဆုံးဖြတ်လို့တော့ မရနိုင်ပါဘူး။

 နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref;A Cup of Tea by Unknown Author
www.naylinaung1.blogspot.com

Monday, September 10, 2012

စိတ်ခွန်အားပေး စာစုများ(၃)

(၁၁)
အပူပေးခံရတဲ့ ရွှေဟာ
အလှဆင်ပစ္စည်း ဖြစ်လာတယ်။
နန်းဆွဲခံရတဲ့ ကြေးဟာ
ကြေးနီချောင်းဖြစ်လာတယ်။
ထွင်းထုခံရတဲ့ ကျောက်တုန်းဟာ
ပန်းပုရုပ်ဖြစ်လာတယ်။
ဘဝမှာ နာကျင်မှုများလေ
တန်ဖိုးတက်လေပါပဲ။
နေလင်းအောင်
 
(၁၂)
အမှားလေးတွေ ပေါင်းစပ်လိုက်တဲ့အခါ
အတွေ့အကြုံဖြစ်လာတယ်။
အတွေ့အကြုံဆိုတာ အောင်မြင်မှုဆီတွန်းပို့ပေးမဲ့
အင်ဂျင်စက်တစ်ခုပါ။
နေလင်းအောင် 

(၁၃)
အပြောင်းအလဲကို
ပြောင်းလဲပစ်ဖို့ကြိုးစားနေရုံနဲ့တော့
ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။
အပြောင်းအလဲကို
တွန်းလှန်ဖြေရှင်းလိုက်မှသာ
ပြောင်းလဲသွားမှာပါ။
နေလင်းအောင် 

(၁၄)
အောင်မြင်မဲ့လူတိုင်းဟာ
ခက်ခဲကြမ်းတမ်းတဲ့
ဇာတ်လမ်းနဲ့စတယ်။
အောင်မြင်မှုနဲ့
ဇာတ်သိမ်းတယ်။
နေလင်းအောင် 

(၁၅)
သော့တံမရှိဘဲနဲ့တော့
သော့ခလောက်ကို ဖန်တီးမပေးပါဘူး။
ဖြေရှင်းချက်မရှိဘဲနဲ့တော့
ပြဿနာကို ဖန်တီးမပေးပါဘူး။
နေလင်းအောင် 
www.naylinaung1.blogspot.com

ပြောချင်ရာများ ပြောခဲ့ဖို့...