မြန်မြန်ရချင်တယ်
လက်ထပ်အခမ်းအနား ပြီးသောအခါ သတို့သား၏ ဖခင်က သတို့သမီးအား ခေါ်ယူတွေ့ဆုံပြီးနောက်
ပြောလာသည်။
“သမီးရေ…ငါ့သားနဲ့ လက်ထပ်ခွင့်ရတာ
သိပ်ကံကောင်းတာပဲ”
“ဘာဖြစ်လို့လဲဦး”
“ငါသေတဲ့အခါ မင်းတို့လင်မယား
ပေါင်နှစ်သန်း အမွေရမယ်လေ”
သတို့သမီးမှာ နှုတ်ဆိတ်သွားသည်။
သတို့သားဖခင်က မေးလာပြန်သည်။
“ကဲ…သမီးမှာ ဘာများပြောစရာ ရှိသေးလဲ”
သတို့သမီးက ခဏကြာ စဉ်းစားပြီးနောက်
ပြောလာပါသည်။
“ဒါဆိုရင်တော့…ခုပဲ သေလိုက်ပါလား
ဦးရယ်…”
အတူတူပဲ
ဆရာဝန်က လူနာကိုပြောသည်။
“မင်းရဲ့မေးရိုး ဆိုးဆိုးရွားရွား
ယောင်ကိုင်းလာတယ်ဆိုတာ သိပ်ဟုတ်တာပေါ့ကွာ။ ဒါပေမဲ့ စိုးရိမ်စရာ မရှိပါဘူး”
ထို့စကားကြားသောအခါ သောကရောက်နေသော
လူနာက ပြန်ပြောလိုက်သည်။
“ကျွန်တော် နားလည်ပါတယ် ဒေါက်တာ။
ခင်ဗျားရဲ့မေးရိုး ယောင်ကိုင်းလာရင်လည်း ကျွန်တော် စိုးရိမ်မိမှာ မဟုတ်ပါဘူးဗျာ”
အကူအညီ
စမစ်သည် ရုံခန်းရှေ့ဘက်ရှိ
ကြီးကြပ်ရေးမှုးထံသွားကာ ပြောလိုက်သည်။
“ဆရာ…မနက်ဖြန်မှာ ကျွန်တော်တို့အိမ်
အကြီးစားသန့်ရှင်းရေး လုပ်မယ်လို့ ကျွန်တော့်မိန်းမက ပြောလာပါတယ်။ ပြီးတော့ အိမ်အပေါ်ထပ်နဲ့
ကားဂိုထောင်ထဲကပစ္စည်းတွေ သယ်မပေးဖို့ ကျွန်တော့်အကူအညီ တစ်နေကုန် လိုအပ်တယ်တဲ့”
“စိတ်မကောင်းပါဘူး စမစ်ရေ…။
ငါတို့မှာက အလုပ်သမား မလုံလောက်တဲ့အတွက် မင်းကို ခွင့်မပေးနိုင်ပါဘူးကွာ”
“ကျေးဇူးပဲ ဆရာ။ ဆရာ့ကိုပဲ
အားကိုးရမယ်ဆိုတာ ကျွန်တော် သိပြီးသားပါ”
ရေတစ်ဝက်
အဆိုးမြင်သမား။ ။ငါ့ဖန်ခွက်က ရေတစ်ဝက်လျော့နေတယ်။
အကောင်းမြင်သမား။ ။ငါ့ဖန်ခွက်က တစ်ဝက်ပြည့်နေတယ်။
ကော်ပိုးရေးရှင်းအရွယ် လျှော့ချရေး
အကြံပေးသမား။ ။ငါတို့လိုတာထက် ဖန်ခွက်က
နှစ်ဆကြီးနေသလိုပဲ။