Monday, December 10, 2012

အတွင်းသဏ္ဍာန်ကိုသာ ကြည့်ပါ







      
တစ်ခါက ပင်လယ်ကမ်းစပ်ရှိ လိုဏ်ဂူတွေထဲမှာ စူးစမ်းရှာဖွေနေတဲ့ လူတစ်ဦးအကြောင်း ပုံပြင်ဖတ်ခဲ့မိတာကို  ကျွန်တော် သတိရမိပါတယ်။
လိုဏ်ဂူတစ်ခုထဲမှာ ကင်းဗက်အိတ်တစ်လုံးကိုတွေ့တော့ မာကျောနေတဲ့ ရွံ့စေးလုံးတွေထည့်ထားကြောင်း သူ တွေ့ရပါတယ်။
တစ်စုံတစ်ဦးဟာ ရွံ့စေးတွေကိုလုံး၊ နေပူလှမ်းပြီး ချန်ထားခဲ့ပုံရပါတယ်။ အဲဒီရွံ့လုံးတွေဟာ သိပ်မများပါဘူး။ ဒါပေမယ့် သူ့ကို စွဲဆောင်နိုင်တဲ့အတွက်ကြောင့် လိုဏ်ဂူထဲက ထွက်တဲ့အခါ ကင်းဗက်အိတ်ကို သူနဲ့အတူ ယူလာခဲ့ပါတယ်။
သူဟာ ကမ်းစပ်တစ်လျှောက် အချိန်ဖြုန်းရင်း ရွံ့လုံးတွေကို သမုဒ္ဒရာထဲ သူပစ်နိုင်သလောက် ဝေးဝေးရောက်အောင် တစ်လုံးချင်း ပစ်ပါတယ်။
ရွံ့လုံးတစ်လုံး အောက်ကိုလွတ်ကျပြီး ကျောက်တုံးတစ်တုံးပေါ် ကျသွားတဲ့အချိန် မတိုင်မီကတော့ ရွံ့လုံးနဲ့ပတ်သက်ပြီး နည်းနည်းလေးမှ သူ မစဉ်းစားခဲ့မိပါဘူး။
ရွံ့တုံးထဲမှာ လှပပြီး အဖိုးတန်တဲ့ ကျောက်မျက်ရတာနာတစ်လုံး ရှိနေခဲ့ပါတယ်။
သူဟာ စိတ်လှုပ်ရှားစွာနဲ့ ကျန်နေတဲ့ရွံ့လုံးတွေကိုလည်း ခွဲကြည့်ပါတော့တယ်။ ရွံ့လုံးတစ်ခုစီမှာ အလားတူ ရတနာတစ်မျိုးစီ ရှိနေခဲ့ပါတယ်။
သူ့မှာကျန်ရှိတဲ့ ရွံ့လုံးနှစ်ဆယ်ကနေရတဲ့ ရတနာတွေဟာ ဒေါ်လာထောင်ပေါင်းများစွာ တန်ဖိုးရှိကြောင်း တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ သူ ခံစားသွားရတယ်။
          သူဟာ ကမ်းခြေမှာ အချိန်အတော်ကြာ ရှိနေခဲ့တာပါ။ သမုဒ္ဒရာလှိုင်းထဲ သူပစ်လိုက်တဲ့ ရတနာတွေဝှက်ထားတဲ့ ရွံ့လုံးအရေအတွက်ဟာ (၅၀) (၆၀)ခန့် ရှိကောင်းရှိနိုင်ပါတယ်။ ရတနာတွေအတွက် ဒေါ်လာထောင်ပေါင်းများစွာ ရရမယ့်အစား လွှင့်ပစ်ခဲ့တဲ့အတွက်ကြောင့် ဒေါ်လာသောင်းဂဏန်းလောက်သာ ရပါတော့တယ်။
ဒီဖြစ်ရပ်ဟာ လူတွေနဲ့တူညီကြောင်း တစ်ခါတစ်ရံ သင်သိလာပါလိမ့်မယ်။ ကျွန်တော်တို့ဟာ တစ်စုံတစ်ယောက် ဒါမှမဟုတ် မိမိကိုယ်ကို ကြည့်ရူ့တဲ့အခါ ပြင်ပသွင်ပြင်ကိုသာ ကြည့်မိတတ်ပါတယ်။
အတွင်းသဏ္ဍာန်ဟာ ပြင်ပသွင်ပြင်နဲ့ အများကြီး ကွဲပြားတတ်ပါတယ်။
ကျွန်တော်တို့ဟာ မလှပတဲ့၊ ကျော်ဇောမှုမရှိတဲ့ လူတစ်ဦးကို လျှော့တွက်မိတတ်ကြပြီး သူဟာ ပိုပြီးလှပ စတိုင်ကျတဲ့၊ လူသိများပြီး ချမ်းသာတဲ့ လူတစ်ဦးဦးလောက် အရေးမပါဘူးလို့ တွေးထင်မိတတ်ကြပါတယ်။
ကျွန်တော်တို့ဟာ အဲဒီလူရဲ့ အတွင်းပိုင်းမှာ ကွယ်ဝှက်နေတဲ့ ရတနာကို တွေ့မြင်ဖို့ အချိန်မပေးမိကြပါဘူး။ ကျွန်တော်တို့အားလုံးမှာ အတွင်းပိုင်းမှာကွယ်ဝှက်နေတဲ့ ရတနာတစ်မျိုးစီ ရှိတတ်ကြပါတယ်။ ကျွန်တော်တို့ကို အံ့ဖွယ်ဖြစ်အောင် ဖန်ဆင်းထားတာပါ။
        ကျွန်တော်တို့ရဲ့ ရုပ်ခန္ဓာနဲ့ နာမ်ဟာ တစ်ခါတစ်ရံ ပြင်ပအရာတွေကြောင့် ကွယ်ဝှက်နေတတ်ပါတယ်။ဒါပေမယ့် သင်ဟာ အဲဒီလူအကြောင်းသိရဖို့ အချိန်ပေးမယ်ဆိုရင်တော့ တန်ဖိုးထိုက်တန်တဲ့ ရတနာဟာ တောက်ပလာပါလိမ့်မယ်။
မိတ်ဆွေစိတ်ရဲ့ ကြီးကျယ်မြင့်မြတ်မှုဆိုတာ ဆန့်တန်းလာတဲ့ လက်အပေါ် တည်မှီခြင်း မရှိပါဘူး။
ကြင်နာတဲ့ အပြုံးအပေါ်မှာလည်း တည်မှီခြင်း မရှိပါဘူး။
ပေါင်းသင်းဆက်ဆံရတာ ပျော်ရွှင်မှုအပေါ်မှာလည်း တည်မှီခြင်း မရှိပါဘူး။
အခြားသူတစ်ဦးဦးက သူ့ကို ယုံကြည်ပြီး ခင်မင်မှုဖြင့် သူ့ကို စိတ်ချလက်ချရှိနေမယ့် အချိန်မျိုးမှာ အခြားသူတစ်ဦးအပေါ်ထားရှိတဲ့ စိတ်ပိုင်းဆိုင်ရာ လွမ်းမိုးမှုသာလျှင် ဖြစ်ပါတယ်။
 
Ref;Always look on the Inside
Author Unknown
 နေလင်းအောင်

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...