Friday, September 13, 2013

အကောင်းမြင် စိတ်ဓာတ် မွေးမြူပါ


သင် တစ်နေရာရာ သွားချင်တယ်ဆိုရင် ဘယ်နေရာသွားချင်တယ်ဆိုတာနဲ့ အဲဒီနေရာရောက်အောင် ဘယ်လိုသွားရမယ်ဆိုတာ သိထားရပါမယ်။ အဲဒီနောက် ဘယ်တော့ဆို ဘယ်တော့မှ အရှုံးမပေးလိုက်ပါနှင့်။
        ဘဝရဲ့ လျှို့ဝှက်ချက်ဆိုတာ သင် ဖြစ်ပျက်ကြုံတွေ့နေရတဲ့ အရာတွေ မဟုတ်ပါ။ ကြုံတွေ့လာတဲ့ အရာရာတိုင်းကို သင် ဘယ်လို တုံ့ပြန်ဆောင်ရွက်တယ်ဆိုတာသာ ဖြစ်ပါတယ်။
        အခြားသူများရဲ့ ပြဿနာကို ကူညီဖြေရှင်းပေးဖို့ ကြိုးစားပါ။ သင်ရဲ့ ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် ပို၍လွယ်ကူကြောင်း တွေ့ရပါလိမ့်မယ်။ “မဖြစ်နိုင်ဘူး”ဆိုတဲ့ စကားကို ထပ်ကာတလဲလဲ မပြောဆိုပါနှင့်။ ဒီစကားကို အမှိုက်ခြင်းထဲ ပစ်ထည့်လိုက်ပါ။
        မိမိကိုယ်ကို ယုံကြည်စိတ်ချမှုရှိခြင်းက အောင်မြင်မှုအတွက် အရေးအပါဆုံး လျှို့ဝှက်ချက်တစ်ခုပါ။ ဒါကြောင့် မိမိကိုယ်ကို ယုံကြည်စိတ်ချမှုရှိပါစေ။
        အခက်အခဲတွေကို ကြံ့ကြံ့ခံရပ်တည်ပြီး တစ်ခုခုကို ကြိုးစားလုပ်ဆောင်ခြင်းဖြင့် ကိုင်တွယ်ဖြေရှင်းဖို့ကြိုးစားကြည့်ပါ။ ဒါဆိုရင် အခက်အခဲဆိုတာ သင်ထင်ထားတာရဲ့ တစ်ဝက်လောက်ပင် ခက်ခဲကြမ်းတမ်းမှုမရှိကြောင်း တွေ့လာပါလိမ့်မယ်။
        ပျော်ရွှင်မှုဆိုတာ မျှဝေခံစားခြင်းဖြင့် တိုးပွားလာစေပါတယ်။ သင်တစ်ယောက်တည်းအတွက်သာ ဖက်တွယ်ထားမယ်ဆိုရင်တော့ ပျောက်ကွယ်သွားပါလိမ့်မယ်။ ပျော်ရွှင်မှုဆိုတာ မျှဝေခံစားခြင်းအားဖြင့် သင် ထင်ထားတာထက်ပိုပြီး တိုးပွားလာပါလိမ့်မယ်။
        ပြဿနာတွေနဲ့ပတ်သက်တဲ့ သင့်ရဲ့သဘောထားက ပြဿနာဆိုတာထက် ပိုပြီး အရေးကြီးပါတယ်။ ဒါကြောင့် အမြဲတမ်း အကောင်းမြင်စိတ်ဓာတ် မွေးမြူပါ။
        စွန့်လွှတ်ခြင်းအားဖြင့် ဘဝကို ဖြတ်သန်းပါ။ သင့်မှာရှိသမျှ အရာအားလုံး ဘဝကို ပေးအပ်လိုက်ပါ။ ဒါဆိုရင် ဘဝကလည်း သူ့မှာရှိသမျှ အရာအားလုံး သင့်ကိုပြန်ပြီး ပေးပါလိမ့်မယ်။
နေလင်းအောင်
Ref; Think Positive by Norman Vincent Peale
The Best English Magazine (September, 2013)

Think Positive

If you want to get somewhere, you have to know where you want to go and how to get there.
Then never, never, never give up.
The secret of life isn’t what happens to you, but what you do with what happens to you.
Help other people to cope with their problems and your own will be easier to cope with.
Never use the word impossible seriously again. Toss it into the verbal wastebasket.
Self-trust is the first secret of success. So believe in and trust yourself.
Stand up to your obstacles and do something about them. You will find that they haven’t half the strength you think they have.
Joy increases as you give it, and diminishes as you try to keep it for yourself. In giving it, you will accumulate a deposit of joy greater than you ever believed possible.
How you think about a problem is more important than the problem itself-so always think positively.
Go at life with abandon; give it all you’ve got. And life will give all it has to you.

Sunday, September 1, 2013

မေတ္တာစစ်နဲ့ ချစ်နေဆဲ




တစ်နေ့တွင် ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် မေတ္တာမျှသွားကြတယ်။ ဒါပေမဲ့ ကောင်လေးက ဆင်းရဲတဲ့မိသားစုက ဆင်းသက်လာတဲ့အတွက် ကောင်မလေးမိဘတွေက သိပ်ပြီးတော့ သဘောမကျပါဘူး။ ဒါ့ကြောင့် ကောင်လေးက ကောင်မလေးသာမက သူမမိဘတွေပါ အထင်ကြီးလာအောင် ကြိုးစားဖို့ ဆုံးဖြတ်လိုက်တယ်။ မကြာမီ သူဟာ လူကောင်းလူမွန်တစ်ဦးဖြစ်ကြောင်း၊ သမီးဖြစ်သူနဲ့ လက်ထပ်ပေးဖို့ ထိုက်တန်ကြောင်း ကောင်မလေးမိဘတွေ သဘောပေါက်လာခဲ့တယ်။
        ဒါပေမဲ့ အခြားပြဿနာတစ်ခု ရှိနေသေးတယ်။ ကောင်ကလေးက စစ်သားတစ်ဦး ဖြစ်နေလို့ပါ။ မကြာမီ စစ်ဖြစ်လာတဲ့အတွက် နိုင်ငံရပ်ခြားသို့ တစ်နှစ်တာဝန်ထမ်းဆောင်ဖို့ ကောင်လေးကို စေလွှတ်လိုက်တယ်။ မထွက်ခွာမီ တစ်ပတ်အလိုမှာ ကောင်ကလေးက ကောင်မလေးရှေ့ ဒူးထောက်ထိုင်ချကာ “ကိုယ့်ကို လက်ထပ်နိုင်မလား”လို့ မေးမြန်းလိုက်တယ်။ ကောင်မလေးက မျက်ရည်သုတ်ရင်းက သူ့ကို လက်ထပ်ပါမယ်လို့ ပြောဆိုခဲ့တယ်။ ဒါနဲ့ သူတို့နှစ်ဦး စေ့စပ်ကြောင်းလမ်းခဲ့တယ်။ တစ်နှစ်ကြာလို့ သူပြန်ရောက်တဲ့အခါ လက်ထပ်ကြဖို့ သူတို့နှစ်ဦး သဘောတူခဲ့ကြတယ်။
        ဒါပေမဲ့ ထင်မှတ်မထားတဲ့ ကံကြမ္မာဆိုးတစ်ခု ပေါ်ပေါက်လာခဲ့တယ်။ သူထွက်သွားပြီး ရက်အနည်းငယ်အတွင်းမှာ ကောင်မလေးဟာ ယာဉ်တိုက်မှု ဖြစ်ပေါ်ခဲ့တယ်။ သူမရဲ့ဦးခေါင်း ထိခိုက်မိခဲ့တယ်။
        သူမ ဆေးရုံပေါ်မှာ သတိရလာတော့ သူမမိဘတွေ ငိုနေတာကို တွေ့ရတယ်။ တစ်ခုခု မှားနေပြီဆိုတာကိုတော့ သူမ ရိပ်မိခဲ့တယ်။
        သူမဦးနှောက် ပျက်စီးနေကြောင်း နောက်ပိုင်းကျမှ သူမသိလာခဲ့တယ်။ မျက်နှာပြင်ကြွက်သားတွေကို ထိန်းချုပ်ပေးတဲ့ ဦးနှောက်အစိတ်အပိုင်းတွေ ပျက်စီးသွားခဲ့တာပါ။ တစ်ချိန်တုန်းက အလွန်လှပခဲ့တဲ့ သူမမျက်နှာလေးဟာ ခုတော့ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားရတယ်။ မှန်ထဲကြည့်မိတော့ အော်ငိုရင်း သူမ ပြောဆိုလိုက်တယ်။ “မနေ့တစ်နေ့ကတော့ ငါဟာ အလွန်လှပခဲ့တယ်။ ခုတော့ စုန်းမကြီးတစ်ဦးလိုပဲ” သူမတစ်ကိုယ်လုံး မြင်မကောင်းအောင် ဒဏ်ရာဒဏ်ချက်တွေ ပြည့်နေခဲ့တယ်။
        ဒါနဲ့ သူမက ထားခဲ့ဖူးတဲ့ ကတိသစ္စာကို ဖောက်ဖျက်ရင်း စေ့စပ်ထားတဲ့ချစ်သူကို စွန့်လွှတ်လိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ သူက သူမကို လက်ထပ်ချင်မှာ မဟုတ်တော့ဘူးလို့ ထင်မြင်ခဲ့တယ်။ သူ့ကို မေ့ပြစ်ပြီး နောက်ထပ်မတွေ့တော့ဖို့ သူမ ဆုံးဖြတ်ခဲ့တယ်။       
        တစ်နှစ်အတွင်း စစ်သားက စာအများအပြား ရေးပို့ခဲ့ပေမဲ့ သူမကတော့ တစ်စောင်မှ စာမပြန်ခဲ့ပါဘူး။ သူက သူမဆီ အကြိမ်ကြိမ် ဖုန်းဆက်ပေမဲ့ သူမကတော့ ဖုန်းမကိုင်ခဲ့ပါဘူး။
        ကောင်မလေးက သူမ အမေကို အော်ပြောလိုက်တယ်။“ ကျေးဇူးပြုပြီး သူ့ကို သမီးအကြောင်း မပြောပါနဲ့နော်။ ဒီမှာ သမီးရှိနေတာကိုလည်း မပြောပါနဲ့”
        မိခင်ဖြစ်သူက “သူလက်ထပ်သွားပြီ”လို့ ပြောဆိုရင်း လက်ထပ်ဖိတ်စာတစ်စောင်ကို ကမ်းပေးလိုက်ပါတယ်။ ကောင်မလေးရဲ့ နှလုံးသား ကြေကွဲသွားရတယ်။ သူ့ကို ချစ်နေသေးပေမဲ့ ခုကစပြီး မေ့ပြစ်ရတော့မယ်ဆိုတာ သူမသိလာတယ်။
        ဝမ်းနည်းမှုများစွာဖြင့် သူမ စာလေးကို ဖောက်ဖတ်လိုက်တယ်။ ဖိတ်စာပေါ်မှာ သူမနာမည်တွေ့တော့ စိတ်ရှုပ်စွာဖြင့် မေးလာပါတယ်။“ဒါ…ဘယ်လိုဖြစ်ရတာလဲရှင်”
        အဲဒီအချိန်မှာ ကောင်ကလေးက ပန်းစည်းတစ်စည်းကိုင်ရင်း သူမအခန်းထဲ ဝင်ရောက်လာခဲ့တယ်။ သူမဘေးမှာ ဒူးထောက်ထိုင်ချပြီး မေးလိုက်ပါတယ်။
        “ကိုယ့်ကိုယ် လက်ထပ်နိုင်မလား”
ကောင်မလေးက သူမမျက်နှာကို လက်ဖြင့်အုပ်ရင်း “ကျွန်မ ရုပ်ဆိုးသွားပြီလေ”လို့ ပြောလိုက်တယ်။
        ကောင်ကလေးက ပြောဆိုလာပြန်တယ်။
        “မင်းအမေက မင်းရဲ့ ခွင့်ပြုချက်မရဘဲ မင်းရဲ့ဓာတ်ပုံတွေ ပို့ပေးခဲ့တယ်။ မင်းဓာတ်ပုံမြင်တော့မှ ကိုယ်ဟာ ဘာမှမပြောင်းလဲသေးဘူးဆိုတာ နားလည်လာခဲ့တယ်။ မင်းဟာ ကိုယ့်ချစ်မြတ်နိုးနေရဆဲ မိန်းကလေးပါ။ အရင်လိုလည်း လှပနေဆဲပါ။ အကြောင်းကတော့ ကိုယ်မင်းကို ချစ်မြတ်နိုးနေလို့ပေါ့”

နေလင်းအောင်
 (The Light of English Magazine, September,2013)

I Still Love You
By Unknown Author

One day, a young guy and a young girl fell in love.

But the guy came from a poor family. The girl’s parents weren’t too happy.

So the young man decided not only to court the girl but to court her parents as well. In time, the parents saw that he was a good man and was worthy of their daughter’s hand.

But there was another problem: The man was a soldier. Soon, war broke out and he was being sent overseas for a year. The week before he left, the man knelt on his knee and asked his lady love, “Will you marry me?” She wiped a tear, said yes, and they were engaged. They agreed that when he got back in one year, they would get married.

But tragedy struck. A few days after he left, the girl had a major vehicular accident. It was a head-on collision.

When she woke up in the hospital, she saw her father and mother crying. Immediately, she knew there was something wrong.

She later found out that she suffered brain injury. The part of her brain that controlled her face muscles was damaged. Her once lovely face was now disfigured. She cried as she saw herself in the mirror. “Yesterday, I was beautiful. Today, I’m a monster.” Her body was also covered with so many ugly wounds.

Right there and then, she decided to release her fiancé from their promise. She knew he wouldn’t want her anymore. She would forget about him and never see him again.

For one year, the soldier wrote many letters—but she wouldn’t answer. He phoned her many times but she wouldn’t return her calls.

But after one year, the mother walked into her room and announced, “He’s back from the war.”

The girl shouted, “No! Please don’t tell him about me. Don’t tell him I’m here!”

The mother said, “He’s getting married,” and handed her a wedding invitation.

The girl’s heart sank. She knew she still loved him—but she had to forget him now.

With great sadness, she opened the wedding invitation.

And then she saw her name on it!

Confused, she asked, “What is this?”

That was when the young man entered her room with a bouquet of flowers. He knelt beside her and asked, “Will you marry me?”

The girl covered her face with her hands and said, “I’m ugly!”

The man said, “Without your permission, your mother sent me your photos. When I saw your photos, I realized that nothing has changed. You’re still the person I fell in love. You’re still as beautiful as ever. Because I love you!”



ပြောချင်ရာများ ပြောခဲ့ဖို့...