Showing posts with label စိတ်ခွန်အားပေး. Show all posts
Showing posts with label စိတ်ခွန်အားပေး. Show all posts

Sunday, August 4, 2013

အလှမက်တဲ့မြင်း



(The Best English Magazine, October 2013) 

နေလင်းအောင်
နတ်မင်းတစ်ပါးမှာ မြင်းတစ်ကောင်ရှိခဲ့တယ်။ အဲဒီမြင်းဟာ လှပသလို အခြားကောင်းမွန်တဲ့ အရည်အချင်းတွေလည်း အများကြီးရှိတယ်။ ဒါပေမယ့် မြင်းဟာ အစစအရာရာ ပြည့်စုံချင်ခဲ့တယ်။ အထူးသဖြင့် မြင်းဟာ သူမကို နှိုင်းယှဉ်လို့မရအောင် လှပချင်နေခဲ့ပါတယ်။
တစ်နေ့မှာတော့ မြင်းဟာ နတ်မင်းကြီးကို ပြောဆိုလာပါတယ်။ “အို အရှင်…အရှင်ဟာ ကျွန်မကို အလှအပတွေ ပေးခဲ့ပါတယ်။ ပြီးတော့ အခြားကောင်းမွန်တဲ့ အရည်အသွေးတွေကိုလည်း ပေးခဲ့ပါတယ်။ အရှင့်ကို အလွန်ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အရှင် ကျွန်မကို ပိုပြီးလှပအောင် ပြုလုပ်ပေးစေချင်ပါတယ်။ အရှင်သာ ကျွန်မကို ပိုပြီးလှပလာအောင် ပြုလုပ်ပေးမယ်ဆိုရင် အလွန်အမင်း ကျေးဇူးတင်မိမှာပါ။ ”
နတ်မင်းကြီးက ပြောဆိုပါတယ်။ “အသင်ကို ပိုပြီးလှပအောင် ပြုလုပ်ပေးဖို့ အဆင်သင့်ပါပဲ။ အသင်ဟာ ဘယ်လိုပုံစံမျိုး ပြောင်းလဲချင်တယ်ဆိုတာ ပြောပြပါ။”
မြင်းက ပြောဆိုပါတယ်။ “ကျွန်မ အချိုးမကျဘူးလို့ ထင်နေမိတယ်။ ကျွန်မလည်တံဟာ အတော်ကို တိုလွန်းတယ်။ အရှင်သာ ကျွန်မလည်တံကို အနည်းငယ်ပိုရှည်အောင် ပြုလုပ်ပေးမယ်ဆိုရင် ကျွန်မရဲ့ အပေါ်ပိုင်းဟာ အတော့်ကို လှပလာပါလိမ့်မယ်။ ပြီးတော့ ကျွန်မခြေထောက်တွေ ပိုပြီးရှည်အောင်၊ ပိုပြီးသေးသွယ်အောင် ပြုလုပ်ပေးမယ်ဆိုရင် ကျွန်မကိုယ် အောက်ပိုင်းလည်း ပိုပြီးတော့ လှပလာပါလိမ့်မယ်။
“ဖြစ်စေ”လို့ နတ်မင်းကြီးက ပြောဆိုလိုက်ပါတယ်။ အဲဒီနောက် ချက်ချင်းဆိုသလိုပင် နတ်မင်းကြီးဟာ မြင်းကို ကုလားအုတ်ပုံစံမျိုး ဖန်ဆင်းလိုက်ပါတယ်။ မြင်းဟာ အလွန်အမင်း စိတ်ပျက်သွားပြီး အော်ငိုပါတော့တယ်။ “အို…အရှင်၊ ကျွန်မ ပိုပြီးတော့ လှပချင်တာပါ။ ဘယ်လိုလုပ်ပြီး ဒီပုံစံကြီးက လှပနိုင်ပါ့မလဲ”
နတ်မင်းကြီးက ပြောဆိုပြန်တယ်။ “အသင် တောင်းဆိုတဲ့အတိုင်း အတိအကျ ဖန်ဆင်းပေးလိုက်တာပဲလေ။ အသင်ဟာ ကုလားအုတ်တစ်ကောင် ဖြစ်သွားပါပြီ။”
မြင်းဟာ အော်ငိုပါတယ်။ “အို မဟုတ်ဘူး။ ကျွန်မ ကုလားအုတ်တစ်ကောင် မဖြစ်ချင်ပါဘူး။ မြင်းတစ်ကောင်သာ ဆက်ဖြစ်ချင်တာပါ။ လူတိုင်းက မြင်းတစ်ကောင်အဖြစ်သာ ကျွန်မရဲ့ ကောင်းမွန်တဲ့ အရည်အချင်းတွေကို ချီကျူးပြောဆိုကြပါတယ်။ ဘယ်သူကမှ ကုလားအုတ်တစ်ကောင်အဖြစ် ကျွန်မကို ချီကျူးပြောဆိုလိမ့်မယ် မထင်ပါဘူးရှင်”
နတ်မင်းကြီးက ပြောဆိုပါတယ်။ “အသင်ကို ဖန်ဆင်း ပေးထားတာထက်ပိုပြီး ရရှိဖို့ ဘယ်တော့မှ မကြိုးစားပါနဲ့။ အသင့်ဆန္ဒသာ ဖြည့်ဆည်းပေးလိုက်မယ်ဆိုရင် အသင်ဟာ အချိန်တိုင်း ပိုပြီးတော့ အလိုကြီးလာပါလိမ့်မယ်။ ဒါပေမယ့် အကျိုးရလဒ် ဘယ်လိုဖြစ်လာမယ် ဆိုတာကိုတော့ အသင် မျှော်မှန်းမထားခဲ့ပါဘူး။ ပိုပြီးရှည်တဲ့ လည်တံနဲ့ ခြေချောင်းတွေ အလိုရှိမယ်ဆိုရင် အသင်ဟာ ဒီလိုပုံစံမျိုးပဲ ဖြစ်လာမှာပါ။ ငါ ဖန်တီးပေးထားတဲ့ သက်ရှိတိုင်းမှာ ကောင်းမွန်တဲ့ ကိုယ်ပိုင် အရည်အချင်းတွေ ရှိနေပါတယ်။ ကုလားအုတ်ဟာ အသင်လောက် မလှပပေမယ့်လည်း အလွန်လေးလံတဲ့ ဝန်စည်စလည်တွေကို သယ်ဆောင်နိုင်သလို ကြီးမားတဲ့ တာဝန်သိစိတ်လည်း ရှိနေပါတယ်။
နေလင်းအောင်

လက်နှစ်ဘက်မရှိသည့် အမျိုးသမီး လေယာဉ်မှုး




အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် ဆီယာရာမြို့တွင် မွေးဖွားခဲ့သော ဂျက်စီကာသည် မွေးကတည်းက ခြေထောက်များဖြင့် ဘဝကို ရှင်သန်ရပ်တည်နိုင်ရန် သင်ယူခဲ့ရသည်။ သူမသည် လက်နှစ်ဖက်မပါဘဲ မွေးဖွားလာခဲ့ရာ မည်သို့ကြောင့် ဖြစ်ရသည်ကို ဆရာဝန်များက ပြောကြားနိုင်ခြင်းမရှိပေ။
ထိုအချိန်က ဂျက်စီကာသည် ပုံမှန်ဘဝမျိုးဖြင့် အသက်ရှင် ရပ်တည်နိုင်ပါ့မလားဟု မေးခွန်းထုတ်မှုများစွာ ထွက်ပေါ်လာခဲ့သည်။ သို့ရာတွင် ဂျက်စီကာ၏ ဖခင်ဖြစ်သူက သမီးဖြစ်သူ၏ အခြေအနေအတွက် မည်သည့်အခါမှ မျက်ရည်တစ်စက်ပင် မကျခဲ့ကြောင်း ပြောဆိုသည်။ ဖခင်ဖြစ်သူက သမီး၏ စွမ်းရည်ကို ယုံကြည်စိတ်ချမှု အပြည့် ရှိနေခဲ့သည်။
မိဘများနှင့် မိသားစုဝင်များ၏ အားပေးမှုဖြင့် ဂျက်စီကာသည် မိမိကိုယ်ကို ယုံကြည်မှုရှိလာပြီး သူမ၏ ခြေထောက်များဖြင့် လောကကြီးကို ဆက်လက်ပြီး စူးစမ်းရှာဖွေခဲ့ပါသည်။
သူမသည် ငယ်ရွယ်စဉ်က ဇာတိမြို့တွင် အကပညာကို လေ့လာလိုက်စားခဲ့သည်။ ပထမဆုံး ကပြဖျော်ဖြေပွဲ ရောက်လာချိန်တွင် သူမသည် နောက်တန်းတစ်နေရာ ပေးရန် တောင်းဆိုခဲ့သည်။ သူမ၏ အကသင်တန်းဆရာက နောက်တန်းမရှိကြောင်း ပြောဆိုခဲ့သည်။ အစမ်းသဘောအနေဖြင့် သူမသည် စတိတ်စင်ပေါ်တွင် အခြားကျောင်းသားများနှင့်အတူ လေ့ကျင့်ကပြခဲ့သည်။ ကပြမှု ပြီးဆုံးချိန်တွင် ပရိသတ်များထံမှ လက်ခုပ်သံကြောင့်  အားတက်လာပြီး နောက်ထပ် (၁၄)နှစ်ကြာသည်အထိ မိမိကိုယ်ကို ယုံကြည်စိတ်ချစွာ ကပြနိုင်ခဲ့သည်။
နောက်ပိုင်းတွင် ဂျက်စီကာ၏ မိဘများသည် ဂျင် ကန်နင်ဟမ်အမည်ရှိ ကရာတေးနည်းပြဆရာတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ သူမ၏ အခြေအနေကို ပြောပြသောအခါ သူမသည် ရုပ်ပိုင်းဆိုင်ရာ အခြေအနေထက်ပင် ပို၍ စွမ်းဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်းနှင့် သူမ၏ စိတ်သဘောထားကသာ နောက်ပြန်ကျအောင် လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း သူက ပြောဆိုခဲ့သည်။ ဂျက်စီကာသည် နိုင်ငံတကာ ကရာတေး အဖွဲ့မှ ခါးပတ်နက်ကို အသက်(၁၄)နှစ် အရွယ်တွင်  ပထမဆုံးအကြိမ် ရရှိခဲ့သည်။
ဂျက်စီကာသည် အထက်တန်းအောင်ပြီးနောက် အရီဇိုးနားတက္ကသိုလ်၌ တက်ရောက်ပညာသင်ယူခဲ့ရာ စိတ်ပညာဖြင့် ဘွဲ့ရရှိခဲ့သည်။ သူမ၏ ဘွဲ့နှင့်ပတ်သက်၍ ပြောဆိုသည့်အခါတိုင်း လူသားတို့၏ တွေးခေါ်မှုပုံစံသည် သူတို့ဘဝအပေါ် ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်များထက် ပိုပြီး အကျိုးသက်ရောက်မှုရှိကြောင်း စိတ်ပညာဘာသာရပ်က လက်ခံယုံကြည်စေသည်ဟု ပြောဆိုခဲ့သည်။
ဂျက်စီကာ၏ အကျော်ကြားဆုံးသော အောင်မြင်မှုမှာ လေယာဉ်မောင်းခြင်းပင်ဖြစ်သည်။ သူမသည် လေယာဉ်အမျိုးအစား လေးစင်းဖြင့် ပြည်နယ်သုံးပြည်နယ် ပျံသန်းနိုင်ခဲ့ပြီး လေယာဉ်ပျံသန်းမှု လမ်းညွှန်အဖြစ်လည်း နှစ်ကြိမ်တိုင် လုပ်ကိုင်နိုင်ခဲ့သည်။ သူမသည် ခြေချောင်းများဖြင့် လေယာဉ်မောင်းနှင်နိုင်သော ပထမဆုံး လေယာဉ်မောင်းသမားအဖြစ် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းဆုကိုလည်း ရရှိခဲ့သည်။
ယခုအချိန်တွင် ဂျက်စီကာသည် စိတ်ခွန်အားပေး ဟောပြောသူအဖြစ် တာဝန်ထမ်းဆောင်နေသည်။ သူမသည် ကမ္ဘာတစ်ဝန်း လှည့်လည်သွားလာကာ သူမ၏ ဖြစ်ရပ်မှန်ဇာတ်လမ်းကို မျှဝေပြောဆိုသည်။ ထို့နောက် “ကန့်သတ်ဘောင်ထက် ပိုပြီး တွေးခေါ်စဉ်းစားပါ”ဟု သူမ၏ လက်သုံးစကားဖြင့် နိဂုံးချုပ်ပြောဆိုရင်း လူသားများကို ဖန်တီးနိုင်စွမ်း ရှိရန်အတွက် တိုက်တွန်းအားပေးနေပါသည်။
ထို့ကြောင့် နောင်တစ်ချိန်တွင် “ငါ မလုပ်နိုင်လောက်ဘူး”ဟု မိမိကိုယ်ကို ပြောဆိုမိရန် အဆင်သင့်ဖြစ်နေချိန်တွင် လက်နှစ်ဖက်မပါသော်လည်း အံ့သြဖွယ်ရာ စွမ်းဆောင်နိုင်ခဲ့သည့် အမျိုးသမီးလေး ဂျက်စီကာကို ပြေးပြီး သတိရစေချင်ပါသည်။
နေလင်းအောင်
www.naylinaung1.blogspot.com

Tuesday, July 23, 2013

သင်ဟာ ပြိုင်စံကင်းသူ



 



သင့်ရဲ့ ဖြစ်တည်မှုဟာ ထူးခြားကောင်းမွန်ပြီး ပုံတူကူးလို့မရတဲ့ အံ့ဖွယ်အရာဖြစ်ကြောင်း သိမြင်နားလည်ပါ။ ကမ္ဘာလောက စတင်ဖြစ်ပေါ်တဲ့ အချိန်ကစပြီး ရောက်ရှိဖြတ်သန်းခဲ့တဲ့ လူသားအားလုံးအနက် မည်သူတစ်ဦးတစ်ယောက်မှ သင်နဲ့မတူညီပါ။
ယခင်က ရောက်ရှိနေထိုင်သွားခဲ့တဲ့သူ သို့မဟုတ် နောင်ရောက်လာမဲ့ သူတွေထဲက မည်သူတစ်ဦးတစ်ယောက်မှ စွမ်းရည်၊ အရည်အချင်း၊ သွင်ပြင်လက္ခဏာ၊ မိတ်ဆွေသူငယ်ချင်း၊ သိရှိနားလည်မှု၊ ဒုက္ခဆင်းရဲ၊ ဝမ်းနည်းမှုနဲ့ အခွင့်အရေးတွေမှာ သင့်ရဲ့ဖြစ်တည်ပေါင်းစပ်မှုမျိုး မရှိပါ။
မည်သူတစ်ဦးတစ်ယောက်ရဲ့ဆံပင် ကြီးထွားမှုပုံစံမျိုးမှ သင့်ပုံစံနဲ့ အတိအကျမတူညီပါ။ သင့်လက်ဗွေရာနဲ့ လုံးဝတူညီတဲ့သူ တစ်ဦးမှမရှိပါ။ သင်သိတဲ့မိသားစုသွင်ပြင်၊ သင့်ရဲ့ဟာသဥာဏ် ပုံစံမျိုး ပေါင်းစပ်ပါရှိသူ တစ်ဦးမှမရှိပါ။
သင်လုပ်သမျှအားလုံး ရယ်မောနေတဲ့ လူအနည်းငယ်ဟာ သင်လုပ်ကိုင်တဲ့နည်းလမ်းကို ဖမ်းဆုပ်ခြင်းမရှိပါ။ သင်ဆုတောင်းသလို မည်သူတစ်ဦးတစ်ယောက်မှ အတိအကျ ဆုမတောင်းပါ။ သင့်ကို ချစ်နေတဲ့ လူတစ်စုဟာ မည်သူတစ်ဦးတစ်ယောက်ကိုမှ အလားတူအချစ်မျိုးနဲ့ မချစ်ပါ။ တစ်ဦးဆို တစ်ဦးမှပင် မရှိပါ။
အရင်က မည်သူမှ မရှိခဲ့ဖူးသလို နောင်လည်း ရှိလာလိမ့်မည်မဟုတ်ပါ။ သင်ဟာ အကြွင်းမဲ့ ပြိုင်စံကင်းသူပါ။
မိမိရဲ့ ပြိုင်စံကင်းမှုတွေကို ဝမ်းမြောက်ပျော်ရွှင်ပါ။ အခြားလူတစ်ယောက်နဲ့ အတော်တူညီဖို့ ဟန်ဆောင်နေစရာ မလိုပါ။ အခြားလူတစ်ယောက်နဲ့တူညီဖို့ သင့်ကို ရည်ရွယ်ခဲ့ခြင်း မဟုတ်ပါ။ အခြားလူတစ်ယောက်မှာ သင်မြင်တွေ့နေရတဲ့ အစိတ်အပိုင်းတွေနဲ့ မတူညီတဲ့ သင့်ရဲ့အစိတ်အပိုင်းတွေကို လိမ်ညာဖုံးကွယ်လို့မရပါ။
သင့်ကို ကွဲပြားခြားနားစေဖို့သာ ရည်ရွယ်ခဲ့တာပါ။ သင့်ရဲ့သိမှု၊ ခံစားမှု၊ စိတ်ဓာတ်မှာ ယခုဖြစ်နေတဲ့ပုံစံမျိုး ဖြစ်ပေါ်နေတဲ့လူတစ်ဦး ဘယ်ခေတ်သမိုင်းကာလမှ မရှိခဲ့ဖူးပါ။
သင့်ရဲ့ဖြစ်တည်မှု မရှိဘူးဆိုရင် ဖန်းဆင်းမှုလောကမှာ အပေါက်တစ်ပေါက်၊ သမိုင်းမှာ ကွက်လပ်တစ်ခု၊ လူသားတွေအတွက် အစီအစဉ်မှာ လိုအပ်မှုတစ်ခု ဖြစ်နေပါလိမ့်မယ်။
သင့်ရဲ့ ပြိုင်စံကင်းမှုကို တန်ဖိုးထားပါ။ ဒါဟာ သင်တစ်ယောက်တည်းသာပေးထားတဲ့ လက်ဆောင်တစ်ခုပါ။ ဒီလက်ဆောင်ကို ပျော်ရွှင်ခံစား မျှဝေပါ။
သင်ကူညီသလိုပုံစံမျိုး အခြားမည်သူတစ်ဦးတစ်ယောက်မှ မကူညီပါ။ သင်ပြောသလို မည်သူတစ်ဦးတစ်ယောက်မှ မပြောဆိုပါ။ သင့်ရဲ့စကားအဓိပ္ပာယ်လို မည်သူတစ်ဦးတစ်ယောက်မှ မထွက်ဆိုပါ။ သင့်ရဲ့နှစ်သိမ့်မှုပုံစံလို မည်သူတစ်ဦးတစ်ယောက်မှ မနှစ်သိမ့်ပါ။ အခြားသူတစ်ဦးအပေါ် သင့်ရဲ့နားလည်ပေးမှုပုံစံမျိုး မည်သူတစ်ဦးတစ်ယောက်မှ နားလည်မပေးနိုင်ပါ။
သင့်ရဲ့ ပျော်ရွှင်ဝမ်းမြောက်မှုပုံစံမျိုး မည်သူတစ်ဦးတစ်ယောက်မှ မဖြစ်ပေါ်ပါ။ သင်ပြုံးသလိုပုံစံမျိုး မည်သူမှမပြုံးပါ။ အခြားလူတစ်ဦးအပေါ် သင့်ရဲ့ ပြိုင်စံကင်းတဲ့ အကျိုးသက်ရောက်မှုပုံစံမျိုး မည်သူတစ်ဦးတစ်ယောက်မှ မသယ်ဆောင်နိုင်ပါ။
သင့်ရဲ့ ပြိုင်စံကင်းမှုကို မျှဝေလိုက်ပါ။ သင့်ရဲ့ ပြိုင်စံကင်းမှုကို မိသားစု၊ မိတ်ဆွေသူငယ်ချင်း၊ ကြုံကြိုက်တွေ့ဆုံရတဲ့ လူတွေကြားထဲ စီးဆင်းဖြတ်သန်းခွင့်ပြုလိုက်ပါ။ သင့်ရဲ့ ပြိုင်စံကင်းတဲ့လက်ဆောင်ဟာ သင်တစ်ယောက်သာ မျှဝေခံစားဖို့ ပေးထားတာပါ။ သင့်ကိုယ်တိုင် ပေးကမ်းမျှဝေလိုက်ပါ။
ပြိုင်စံကင်းမှုလက်ဆောင်ကို သိမြင်နားလည်ပါ။ လက်ခံလိုက်ပါ။ သင့်ကို ပျော်ရွှင်ခွင့်ပြုလိုက်ပါ။ သင့်ကို သတင်းပို့ခွင့်ပြုပါ။ တဖြည်းဖြည်း တွန်းတင်ပြီး လှုံ့ဆော်ခွင့်ပြုလိုက်ပါ။ သင်ဟာ ပြိုင်စံကင်းတဲ့ လူတစ်ဦးပါ။


You are unique!  

Think what a remarkable, unduplicatable, and miraculous thing it is to be you! Of all the people who have come and gone on the earth, since the beginning of time, not ONE of them is like YOU!
No one who has ever lived or is to come has had your combination of abilities, talents, appearance, friends, acquaintances, burdens, sorrows and opportunities.
No one’s hair grows exactly the way yours does. No one’s finger prints are like yours. No one has the same combination of secret inside jokes and family expressions that you know.
The few people who laugh at all the same things you do, don’t sneeze the way you do. No one prays about exactly the same concerns as you do. No one is loved by the same combination of people that love you – NO ONE!
No one before, no one to come. YOU ARE ABSOLUTELY UNIQUE!
Enjoy that uniqueness. You do not have to pretend in order to seem more like someone else. You weren’t meant to be like someone else. You do not have to lie to conceal the parts of you that are not like what you see in anyone else.
You were meant to be different. Nowhere ever in all of history will the same things be going on in anyone’s mind, soul and spirit as are going on in yours right now.
If you did not exist, there would be a hole in creation, a gap in history, something missing from the plan for humankind.
Treasure your uniqueness. It is a gift given only to you. Enjoy it and share it!
No one can reach out to others in the same way that you can. No one can speak your words. No one can convey your meanings. No one can comfort with your kind of comfort. No one can bring your kind of understanding to another person.
No one can be cheerful and lighthearted and joyous in your way. No one can smile your smile. No one else can bring the whole unique impact of you to another human being.
Share your uniqueness. Let it be free to flow out among your family and friends and people you meet in the rush and clutter of living wherever you are. That gift of yourself was given you to enjoy and share. Give yourself away!
See it! Receive it! Let it tickle you! Let it inform you and nudge you and inspire you! YOU ARE UNIQUE!
Author Unknown


Friday, May 17, 2013

မျောက်ထောင်ချောက်





နေလင်းအောင်
အိန္ဒိယနိုင်ငံရှိ မျောက်ဖမ်းမုဆိုးများဟာ ထိပ်ဝမှာ လက်လျှိုလို့ရလောက်အောင် ကျယ်တဲ့ အပေါက်တစ်ပေါက်ပါ သေတ္တာတစ်လုံးကို အသုံးပြုကြပါတယ်။ သေတ္တာထဲမှာတော့ အခွံမာသီးတွေ ထည့်ထားပါတယ်။
မျောက်က အခွံမာသီးတွေကို ဆုပ်ကိုင်လိုက်တဲ့အချိန်မှာ သူ့လက်ဟာ လက်သီးဆုပ်ပုံစံ ဖြစ်လာပါတယ်။ မျောက်ဟာ သူ့လက်ကို အပြင်ဘက်ထုတ်ဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် အပေါက်က သူ့လက်သွင်းလို့ရလောက်အောင် ကျယ်ပေမယ့် လက်သီးဆုပ်ပြီး ပြန်ထွက်လာဖို့အတွက်တော့ ကျဉ်းလွန်းလှပါတယ်။
ခုတော့ မျောက်မှာ နှစ်ခုအနက် တစ်ခုကိုပဲ ရွေးချယ်ရပါမယ်။ သစ်သီးတွေကို လက်လွှတ်ပြီး ထာဝရ လွတ်လပ်အောင် လုပ်ဆောင်လိုက်မလား။ ဒါမှမဟုတ် သစ်သီးတွေကို ဆက်လက်ဆုပ်ကိုင်ပြီး အဖမ်းခံလိုက်ရမလား။
မျောက်ဟာ အချိန်တိုင်း ဘာကို ရွေးချယ်မယ်ဆိုတာ စဉ်းစားမှန်းဆကြည့်ပါ။ သင် မှန်းဆလို့ ရတယ်မို့လား။ သူဟာ သစ်သီးတွေကို ဆက်လက်ဆုပ်ကိုင်ထားပြီး အဖမ်းခံလိုက်ပါတယ်။
ကျွန်တော်တို့လည်း မျောက်တွေလိုပါပဲ။ ကျွန်တော်တို့အားလုံးဟာ ဘဝရှေ့ခရီး ဆက်လှမ်းရာမှာ အတားအဆီးဖြစ်စေတဲ့ သစ်သီးအချို့ကို ဆက်လက်ဆုပ်ကိုင်ထားကြပါတယ်။
ကျွန်တော်တို့ဟာ “ဒါကို မလုပ်နိုင်ဘူး။ အကြောင်းကတော့…”ဆိုပြီး ရှာကြံအကြောင်းပြကြပါတယ်။ “အကြောင်းကတော့…”ဆိုတဲ့နောက်မှာ ထွက်ပေါ်လာတဲ့ အရာရာတိုင်းဟာ ကျွန်တော်တို့ ဆက်လက်ဆုပ်ကိုင်ထားတဲ့ သစ်သီးတွေနဲ့တူပြီး အဲဒီအရာတွေက ကျွန်တော်တို့ကို ဟန့်တားနှောင့်ယှက်နေပါတယ်။
အောင်မြင်တဲ့လူတွေဟာ အကြောင်းပြချက် မပေးကြပါဘူး။
လူတစ်ယောက် အောင်မြင်နိုင်တယ်ဆိုတာ “အကြောင်းပြချက်များနှင့် အကျိုးရလဒ်များ”ဆိုတဲ့ အချက်နှစ်ချက်က အဆုံးအဖြတ်ပေးပါတယ်။ အကြောင်းပြချက်တွေ ရှိနေမယ်ဆိုရင် အကျိုးရလဒ်တွေ မဖြစ်ပေါ်စေနိုင်ပါဘူး။

နေလင်းအောင်
Ref; The Monkey Trap by Krishna Khanna
www.naylinaung1.blogspot.com

စကားလေးလုံး







စကားလေးလုံး
စုံတွဲတစ်တွဲဟာ အိမ်ထောင်သက် (၁၁)နှစ်အကြာတွင် သားလေးတစ်ဦး မွေးဖွားလာပါတယ်။ သူတို့ဟာ အလွန်ချစ်ခင်တဲ့ စုံတွဲဖြစ်သလို သားလေးဟာလည်း သူတို့ရဲ့ အသည်းကျော်ပါပဲ။ ကလေးငယ် နှစ်နှစ်အရွယ်တွင် တစ်ခုသော နံနက်ခင်း၌ ယောက်ျားဖြစ်သူဟာ ဖွင့်ထားတဲ့ ဆေးပုလင်းတစ်လုံးကို တွေ့မြင်လိုက်ပါတယ်။ သူဟာ အလုပ်ခွင်သွားဖို့ နောက်ကျနေတဲ့အတွက်ကြောင့် ဇနီးဖြစ်သူကိုပဲ ဆေးပုလင်းကိုပိတ်ပြီး ဗီရိုထဲထည့်ထားဖို့ ပြောဆိုလိုက်ပါတယ်။ သူ့ဇနီးဟာ မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေတဲ့အတွက်ကြောင့် ဆေးပုလင်းကိုပိတ်သိမ်းဖို့ မေ့နေခဲ့ပါတယ်။ ကလေးဟာ ဆေးပုလင်းကို တွေ့မြင်တဲ့အခါ ပျော်ရွှင်စွာဖြင့် ဆေးပုလင်းဆီ ရောက်သွားပါတယ်။ ဆေးပုလင်းရဲ့ အရောင်အဆင်းဟာ သူ့ကို ဆွဲဆောင်နိုင်တဲ့အတွက် ဆေးတစ်ပုလင်းလုံး သောက်ချလိုက်ပါတယ်။ ဒီဆေးပုလင်းဟာ လူကြီးတွေအတွက် အနည်းငယ်သာသောက်သုံးရမယ့် အဆိပ်ဆေးတစ်မျိုး ဖြစ်ပုံရှိပါတယ်။ ကလေး လဲပြိုသွားတဲ့အချိန်မှာ မိခင်ဖြစ်သူဟာ ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်လိုက်ပေမယ့် ဆေးရုံမှာပဲ သေဆုံးသွားပါတယ်။ မိခင်ဖြစ်သူဟာ မူးမေ့ပြီး သတိလစ်သွားခဲ့ပါတယ်။ သူမယောက်ျားကို ရင်ဆိုင်ရမှာလည်း ကြောက်နေခဲ့မိပါတယ်။ စိတ်နောက်ကျိနေသော ဖခင်ဖြစ်သူက ဆေးရုံဆီရောက်လာပြီး သားဖြစ်သူ သေသွားတာကိုတွေ့တော့ ဇနီးဖြစ်သူကို ကြည့်ကာ စကားလေးလုံးပဲ ပြောလိုက်ပါတယ်။
အမေး။              
(၁)စကားလေးလုံးဆိုတာ ဘာတွေလဲ။
(၂) ဒီပုံပြင်ရဲ့ ပြောဆိုလိုရင်းက ဘာလဲ။
အဖြေ။               ။ ယောက်ျားဖြစ်သူ ပြောလိုက်တာကတော့ “မင်းကိုချစ်တယ်”ဆိုတာပါပဲ။
ယောက်ျားဖြစ်သူရဲ့ လုံးဝကို မျှော်လင့်မထားတဲ့ တုန့်ပြန်မှုဟာ ဖန်တီးရယူထားတဲ့ အမူအကျင့်ပါပဲ။ ကလေးကတော့ သေဆုံးသွားပါပြီ။ ကလေးကို လူ့လောကထဲ ပြန်ရောက်လာအောင် ဘယ်တော့မှ မလုပ်ဆောင်နိုင်တော့ပါဘူး။ မိခင်ဖြစ်သူမှာလည်း အပြစ်တစ်စက်မှ မတွေ့မြင်မိပါဘူး။ သူသာ ဆေးပုလင်းသိမ်းဖို့ အချိန်ပေးခဲ့မယ်ဆိုရင် ဒီလိုမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး။ ဘယ်သူ့ကိုမှ အပြစ်ဆိုစရာ မရှိပါဘူး။ မိခင်ဖြစ်သူဟာ တစ်ဦးတည်းသောကလေးကို ဆုံးရှုံးခဲ့ရပါတယ်။ ဒီအချိန်မှာ သူမ လိုအပ်နေတာကတော့ ခင်ပွန်းဆီကနေရရှိမယ့် နှစ်သိမ့်ပေးမှုနဲ့ သနားကြင်နာမူပါပဲ။ လူတိုင်းသာ ဘဝကို ဒီရူထောင့်မျိုးနဲ့ ကြည့်မြင်မည်ဆိုရင် လောကကြီးမှာ ပြဿနာတွေ အရမ်းနည်းသွားပါလိမ့်မယ်။ မရူဆိတ် မနာလိုမှုတွေ၊ ခွင့်မလွှတ်နိုင်တဲ့ စိတ်ထားတွေ၊ တစ်ကိုယ်ကောင်းဆန်မှုတွေနဲ့ ကြောက်ရွံ့မှုတွေကို ဖယ်ရှားပစ်လိုက်ပါ။ ဒီအရာတွေ ဖယ်ရှားဖို့ဆိုတာ သင်ထင်ထားသလောက် မခက်ခဲဘူးဆိုတာ တွေ့လာပါလိမ့်မယ်။
အောင်မြင်တဲ့ အိမ်ထောင်ရေးမှာ အိမ်ထောင်ဖက် တစ်ဦးတည်းကိုပဲ အကြိမ်ပေါင်းများစွာ ချစ်မြတ်နိုးတတ်ဖို့ လိုအပ်ပါတယ်။
နေလင်းအောင်
Ref; Four Words by Unknown Author
www.naylinaung1.blogspot.com

ပြောချင်ရာများ ပြောခဲ့ဖို့...