Monday, September 10, 2012

စိတ်ခွန်အားပေး စာစုများ(၃)

(၁၁)
အပူပေးခံရတဲ့ ရွှေဟာ
အလှဆင်ပစ္စည်း ဖြစ်လာတယ်။
နန်းဆွဲခံရတဲ့ ကြေးဟာ
ကြေးနီချောင်းဖြစ်လာတယ်။
ထွင်းထုခံရတဲ့ ကျောက်တုန်းဟာ
ပန်းပုရုပ်ဖြစ်လာတယ်။
ဘဝမှာ နာကျင်မှုများလေ
တန်ဖိုးတက်လေပါပဲ။
နေလင်းအောင်
 
(၁၂)
အမှားလေးတွေ ပေါင်းစပ်လိုက်တဲ့အခါ
အတွေ့အကြုံဖြစ်လာတယ်။
အတွေ့အကြုံဆိုတာ အောင်မြင်မှုဆီတွန်းပို့ပေးမဲ့
အင်ဂျင်စက်တစ်ခုပါ။
နေလင်းအောင် 

(၁၃)
အပြောင်းအလဲကို
ပြောင်းလဲပစ်ဖို့ကြိုးစားနေရုံနဲ့တော့
ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။
အပြောင်းအလဲကို
တွန်းလှန်ဖြေရှင်းလိုက်မှသာ
ပြောင်းလဲသွားမှာပါ။
နေလင်းအောင် 

(၁၄)
အောင်မြင်မဲ့လူတိုင်းဟာ
ခက်ခဲကြမ်းတမ်းတဲ့
ဇာတ်လမ်းနဲ့စတယ်။
အောင်မြင်မှုနဲ့
ဇာတ်သိမ်းတယ်။
နေလင်းအောင် 

(၁၅)
သော့တံမရှိဘဲနဲ့တော့
သော့ခလောက်ကို ဖန်တီးမပေးပါဘူး။
ဖြေရှင်းချက်မရှိဘဲနဲ့တော့
ပြဿနာကို ဖန်တီးမပေးပါဘူး။
နေလင်းအောင် 
www.naylinaung1.blogspot.com

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...