Thursday, November 29, 2012

Time မဂ္ဂဇင်းမှ နှစ်စဉ် ရွေးချယ်သော Person Of The Year 2012 ဆုအတွက် ဝင်ရောက်မဲပေးကြပါ Time မဂ္ဂဇင်းမှ နှစ်စဉ် ရွေးချယ်သော Person Of The Year 2012 ဆုအတွက် ဝင်ရောက်မဲပေးကြပါ



တိုင်းမ်မဂ္ဂဇင်းအယ်ဒီတာ အဖွဲ့က Person of the Year2012 ဆု ရွေးချယ်ပါတော့မယ်။ ယခုနှစ်အတွင်း သတင်းတွေထဲမှာ အလွှမ်းမိုးဆုံးလို့ ယူဆရတဲ့သူကို မဲပေးနိုင်ပါတယ်။ ဆန္ဒမဲပေးမှု နောက်ဆုံးအချိန်ကတော့ ဒီဇင်ဘာ(၁၂)ရက်နေ့ည (၁၁)နာရီ (၅၉)မိနစ်ပါ။ အနိုင်ရသူ ကြေညာမဲ့ရက်ကတော့ ဒီဇင်ဘာ (၁၄)ရက်နေ့ပါတဲ့။
မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံသူ နု

ိင်ငံသားတွေ၊ ကမ္ဘာအရပ်ရပ်မှာရောက်နေတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ကမ္ဘာ့အလယ်မှာ မြန်မာ့ဂုဏ်သိက္ခာ ထွန်းပြောင်စေဖို့ ဝင်ရောက်မဲပေးစေလိုပါတယ်။ ပြီးတော့ အချင်းချင်း လက်ဆင့်ကမ်းပြီး ရှယ်ပေးပါလို့ မေတ္တာရပ်ခံပါရစေ…

မဲပေးရမည့်လင့်ခ်လိပ်စာကတော့

http://www.time.com/time/specials/packages/article/0,28804,2128881_2128882_2129196,00.html

ခုလောလောဆယ် ဆန္ဒမဲအများဆုံးရနေတဲ့ သူကတော့ မိုဟာမက်မော်စီ (မဲအရေအတွက် Definitely 193,103 No way 194,160)

သမ္မတဦးသိန်းစိန်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ဟာ အဆင့်(၁၄)နေရာမှာ ရှိနေပါတယ်။ (မဲအရေအတွက် Definitely 21,614 No way 26,896)
စာဖတ်သူတို့အနေဖြင့် မဲပေးရမည့် အကွက်ထဲမှာ Definitely ပဲနှိပ်ပါလို့ အကြံပြုပါရစေ…

မဲရလဒ်ကို ကြည့်လိုပါက အောက်ပါလင့်ခ်ကို နှိပ်ပါ။

http://www.time.com/time/specials/packages/article/0,28804,2128881_2129111_2129112,00.html

နေလင်းအောင်
www.naylinaung1.blogspot.com

Sunday, November 11, 2012

နိုင်ငံရပ်ခြားဟာသများ(၁၇)




ကံအကောင်းဆုံးလူ
ပထမလူ။    ။ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးက ဘယ်သူလဲ။
ဒုတိယလူ။   ။အာဒမ်ပေါ့ကွာ။
ပထမလူ။    ။ဘာကြောင့်လဲကွ။
ဒုတိယလူ။   ။သူ့မှာ ယောက္ခမတွေ မရှိဘူးလေကွာ။
လာမညာနဲ့
ရှေ့နေတစ်ယောက် သေဆုံးပြီးနောက် ကောင်းကင်ဘုံရောက်လာသည်။ သူသည် စိန်ပီတာအား ပြောလိုက်သည်။
“ဒါဟာ မှားယွင်းမှုပဲဖြစ်ရမယ်။ ကျွန်တော် မသေနိုင်လောက်အောင် ငယ်ပါသေးတယ်။ ခုမှ အသက်(၅၀) ပဲ ရှိသေးတာလေ”
“အသက်ငါးဆယ် ဟုတ်ရဲ့လား” ဟု စိန့်ပီတာက မယုံကြည်နိုင်စွာ မေးလိုက်သည်။
“ငါတို့ရဲ့ တွက်ချက်မှုအရ မောင်မင်းအသက် ရှစ်ဆယ့်နှစ်နှစ် ရှိပြီကွ”
“အရှင်က ဒါကို ဘယ်လိုတွက်တာလဲ”
“မောင်မင်းရဲ့ ရှေ့နေခတောင်းတဲ့ အချိန်တွေ ပေါင်းလိုက်တာလေ”
ယူရဲပါတော့မလား
ကျွန်တော်တို့ စူုပါမားကတ်တွင် အရိုးထွင်ထားသော ကြက်သားရင်အုပ်များ ရောင်းချသည်။ ကျွန်တော်နှင့်ခင်သော အမျိုးသမီးတစ်ဦးသည် ထုပ်ပိုးပြီးသား ကြက်ရင်အုပ်ကြီးကြီးများကို မှာယူရန် ကြံရွယ်လိုက်သည်။ သို့သော် ဆိုင်တွင် ထုပ်ပိုးပြီးသား ကြက်ရင်အုပ်များမှာ အနည်းငယ်မျှသာ ရတော့သဖြင့် သူမ စိတ်ပျက်သွားသည်။ ထို့ကြောင့် သားသတ်သမားထံသွားကာ မကျေမနပ် ပြောဆိုလေသည်။ သားသတ်သမားက နှစ်သိမ့်လိုက်သည်။
“မပူပါနဲ့ဗျာ။ ကျွန်တော် ရင်အုပ်ကြီးကြီးတွေ ထုပ်ပေးထားပါမယ်။ အစ်မကြီး ဈေးဝယ်ပြီးချိန်လောက်ဆို အဆင်သင့် ဖြစ်စေရပါမယ်”
သူမသည် စတိုးဆိုင်ထဲတွင် အချိန်အတော်ကြာ လျောက်ကြည့်နေခဲ့သည်။ ထို့နောက် အသံချဲစက်မှ သားသတ်သမား၏အသံ ကြားလိုက်ရသည်။
“ရင်သားကြီးကြီး လိုချင်တဲ့ အစ်မကြီးခင်ဗျာ…စတိုးဆိုင်ရဲ့နောက်ဘက်မှာ ကျွန်တော့်ကို လာတွေ့လှည့်ပါ”
အကြံပိုင်ပုံများ 
စုံတွဲတစ်တွဲသည် သုံးလအရွယ်သားလေးကို သူတို့နှင့်အတူ ရုပ်ရှင်ရုံသို့ ခေါ်လာပါသည်။ ရုပ်ရှင်ရုံထဲ ဝင်သောအခါ ဧည့်ကြိုက ကလေးငိုလျှင် ရုပ်ရှင်ရုံထဲမှ ထွက်သွားရလိမ့်မည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။ သူက ထပ်ဖြည့်ပြောသေးသည်။
“ဒါပေမဲ့ မပူပါနဲ့။ ခင်ဗျားတို့ငွေ ပြန်အမ်းပေးပါမယ်”
နာရီဝက်ခန့် ရုပ်ရှင်ကြည့်ပြီးနောက် ခင်ပွန်းဖြစ်သူက သူ့ဇနီးကို ပြောလာပါသည်။
“ရုပ်ရှင်ကားကို မင်းဘယ်လိုမြင်လဲ”
“ကျွန်မ ကြည့်ဖူးသမျှ အဆိုးဆုံးပဲ”
“ငါလည်း အဲလိုပဲကွ”ဟု သူက သဘောတူလိုက်သည်။
“ကဲ...မိန်းမရေ...ကလေးငိုအောင် လှုပ်လိုက်စမ်းကွ”
နေလင်းအောင်
www.naylinaung1.blogspot.com

ပြောချင်ရာများ ပြောခဲ့ဖို့...