Sunday, November 11, 2012

နိုင်ငံတကာ ထူးခြားသတင်းများ (၁၁.၁၁.၂၀၁၂)

(၅) အမျိုးသားများ လက်ပ်တော့ပ်ကို ပေါင်ပေါ်တင်အသုံးပြုမှုများလျှင် ကလေးမရနိုင်

Scott Reed နှင့် ဇနီးဖြစ်သူ Laura တို့သည် ကလေးမရသဖြင့်
ဆရာဝန်ထံသွားပြရာ အမျိုးသားဖြစ်သူ၏ ပေါင်ပေါ်တွင် အမြဲအသုံးပြုသည့်
လက်ပ်တော့ပ်ကြောင့်ဖြစ်ရကြောင်း သိရသည်။
ကွန်ပျူတာမှ အပူမြောက်များစွာ ထုတ်လုပ်နေသဖြင့် အမျိုးသားဖြစ်သူ၏
သုက်ပိုးများ ပျက်စီးစေရကြောင်း ဆရာဝန်များက ပြောဆိုသည်။
အသက်(၃၀)အရွယ်ရှိ Scott သည် ချက်ချင်းပင် လက်ပ်တော့ပ်ကို
စားပွဲပေါ်တင်ကာ အသုံးပြုခဲ့သည်။ ထို့နောက် သုံးလအကြာတွင် ဇနီးဖြစ်သူ
Laura မှာ သမီးလေး Taryn ကို ကိုယ်ဝန်ဆောင်နိုင်ခဲ့သည်။
ယခုအခါ သမီးလေး မွေးဖွားခဲ့သည်မှာ (၁၀)လကြာပြီဖြစ်သော်လည်း
သူတို့စုံတွဲသည် ပြဿနာ၏အဖြေမှာ ရိုးရိုးလေးပင်ဖြစ်ကြောင်းကို
မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရသည်။
"ဒီလိုအဖြစ်အပျက်မျိုး အရင်က မကြားမိပါဘူး။ ဒါဟာ တကယ့်ကို
အံ့သြစရာပဲနော်။ ကျွန်မတို့ ညနေတိုင်း ရုပ်မြင်သံကြားကြည့်နေစဉ်မျိုးမှာ
Scott ကသူ့လက်ပ်တော့ပ်ကို ပေါင်ပေါ်တင်ရင်း အသုံးပြုလေ့ရှိပါတယ်။ သူဟာ
အလုပ်အတွက် အသုံးပြုသလို ဖေ့စ်ဘွတ်ခ်ကဲ့သို့သော လူမှုကွန်ယက်များကိုလည်း
အသုံးပြုလေ့ရှိပါတယ်။ အဲဒါကြောင့်ပဲ ကျွန်မတို့ ကလေးမရနိုင်တာဆိုတာ
မတွေးမိခဲ့ကြပါဘူး" ဟု ရောဂါဗေဒပညာရှင်တစ်ဦးဖြစ်သူ Laura က ပြောဆိုသည်။
Laura နှင့် လျှပ်စစ်ပညာရှင် Scott တို့သည် သူတို့၏
မိသားစုဆရာဝန်က ပါ့သ်မောက်မြို့ရှိ Queen Alexandra ဆေးရုံတွင်
စစ်ဆေးကြည့်ရန် စေလွှတ်လိုက်စဉ်က ဖန်ပြွန်သန္ဓေဖြင့် မွေးဖွားရန်
စဉ်းစားခဲ့ကြသေးသည်။
"အဲဒီပြဿနာမျိုးက စားဖိုမှုးတွေမှာ အဖြစ်များတယ်လေ။ သူတို့က
ပူပြင်းတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်ရတာကြောင့်ပါ။ ကျွန်တော်လည်း
လက်ပ်တော့ပ်ကြောင့် ကလေးမရနိုင်ရတာလို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့မိပါဘူး"
ဟု Scott က ပြောဆိုသည်။
"အမျိုးသားများ လက်ပ်တော့ပ်ကို ပေါင်ပေါ်တင်သုံးမည့်အစား
စားပွဲပေါ်မှာထားပြီး သုံးသင့်ပါတယ်" ဟု ဇီဝဆေးသိပ္ပံပညာရှင် Sue Kenworthy
က ပြောဆိုခဲ့သည်။
Source: Mirror(6Nov 2012)

နိုင်ငံတကာ ထူးခြားသတင်းများ (၁၁.၁၁.၂၀၁၂)

(၄) တိရ စ္ဆာန်ရုံမှ ဆယ့်ရှစ်လကြာလွတ်မြောက်နေသည့်မိကျောင်း မိလ္လာကန်ထဲမှ
ပြန်လည်ဖမ်းမိ
ဂါဇာရှိ တိရ စ္ဆာန်ရုံတစ်ခုမှ ဆယ့်ရှစ်လအကြာ
လွတ်မြောက်နေသည့်မိကျောင်းကို ဖမ်းမိပြီဖြစ်ကြောင်း
နိုဝင်ဘာ(၆)ရက်နေ့တွင် ရဲအရာရှိများက ပြောဆိုလိုက်သည်။
ခြောက်ပေခန့်ရှိမိကျောင်းကို လွန်ခဲ့သော သီတင်းပတ်ပေါင်းများစွာက
ဂါဇာကမ်းခြေမြောက်ပိုင်းရှိ မိလ္လာကန်များထဲတွင် စတင်တွေ့ရှိခဲ့ကြသည်။
ထို့ဒေသရှိ ရွာသားများက သူတို့မွေးထားသည့် တိရိ စ္ဆာန်များကို မိကျောင်းက
စားသောက်နေသဖြင့် ညည်းညူခဲ့ကြသည်။
နိုဝင်ဘာ(၅)ရက်နေ့က မိချောင်းဖမ်းမိသည့် ငါးဖမ်းသမားများအား
မိကျောင်းကို လွဲပြောင်းပေးရန် ရဲအရာရှိများက မေတ္တာရပ်ခံခဲ့သည်။ "သူဟာ
ဥာဏ်များတဲ့ အကောင်ကြီးပေါ့ဗျာ။ သူအသက်ရှင်အောင် ကျွန်တော်တို့
စောင့်ရှောက်ထိန်းသိမ်းသွားပါမယ်" ဟု ပြောရေးဆိုခွင့်ရသူ ရဲအရာရှိ Ayman
al-Batniji က ပြောဆိုခဲ့သည်။
လွတ်မြောက်သွားသည့်မီးကျောင်းကို တိရိ စ္ဆာန်ရုံးသို့
ပြန်လည်ပို့ဆောင်ပြီးဖြစ်ကြောင်းနှင့် အခြားမီးကျောင်း လေးကောင်နှင့်အတူ
ပြန်ထားလိုက်ကြောင်း သိရသည်။
ထွက်ပြေးလွတ်မြောက်နေစဉ်အတွင်း မီးကျောင်းသည် အဆက်မပြတ်
ကြီးထွားဖွံ့ဖြိုးလာကြောင်း၊ သူ၏ အသက်ရှင်သန်မှုကို ဂုဏ်ပြုသည့်အနေဖြင့်
"Sakher" (ကျောက်ခဲ)ဟု အမည်ပေးရန်ဆုံးဖြတ်ထားကြောင်း တိရိ
စ္ဆာန်ရုံးပိုင်ရှင်များက ပြောဆိုသည်။
Source: Mirror(6Nov 2012)

ပြောချင်ရာများ ပြောခဲ့ဖို့...