Tuesday, May 1, 2012

တိုက်ဆိုင်မှုများ


တစ်ခါတစ်ရံ တိုက်ဆိုင်မှုများဟာ ထင်မှတ်မထားမိလောက်အောင် ထူးဆန်းအံ့သြဖွယ်ပင်…။
နေလင်းအောင်
ခုကျွန်တော် ဘာသာပြန်ဆိုဖော်ပြလိုက်တဲ့ စာမူကတော့ အမေရိကန် သမ္မတနှစ်ဦးဖြစ်တဲ့ အေဗရာဟင်လင်ကွန်းနဲ့ ဂျွန်အက်ဖ်ကနေဒီတို့ နှစ်ဦးရဲ့အကြောင်းပါ။ နှစ်ဦးလုံးမှာ ထူးခြားတူညီချက်တွေ အများကြီးရှိနေပေမဲ့ တစ်ချက်ကတော့ သူတို့ရဲ့သမိုင်း အဖြူအမဲကွဲအောင် ဆုံးဖြတ် ပေးသွားပါတယ်။ ဒီနေရာမှာ ကျွန်တော် ပြောချင်တာကတော့ သမိုင်းဆိုတာ ကိုယ်တိုင်ရေးရတယ်ဆိုတာပါပဲ။ ကောင်းတာလုပ်ရင် ကောင်းတဲ့သမိုင်းကျန်မယ်။ မကောင်းတာလုပ်ရင် မကောင်းတဲ့ သမိုင်း ကျန်နေခဲ့မယ်ဆိုတာ သိစေချင်ပါတယ်။


အေဗရာဟင်လင်ကွန်း(Abraham Lincoln) က ကွန်ကရက်လွှတ်တော်သို့ ၁၈၄၆ ခုနှစ်မှာ ရွေးကောက်တင်မြောက်ခြင်း ခံရပါတယ်။ ဂျွန်အက်ဖ်ကနေဒီ (John F.Kennedy)က ကွန်ကရက်လွှတ်တော်သို့ ၁၉၄၆ ခုနှစ်မှာ ရွေးကောက်တင်မြောက်ခြင်း ခံရပါတယ်။
အေဗရာဟန်လင်းကွင်းက သမ္မတအဖြစ် ၁၈၆၀ ခုနှစ်မှာ ရွေးကောက်ခြင်း ခံရပါတယ်။ ဂျွန်အက်ဖ်ကနေဒီက သမ္မတအဖြစ် ၁၉၆၀ ပြည့်နှစ်မှာ ရွေးကောက်ခြင်းခံရပါတယ်။
လင်ကွန်း(Lincoln)နဲ့ ကနေဒီ(Kennedy) ဆိုတဲ့ နာမည်တွေမှာ စာလုံးရေ (၇)လုံး ပါဝင်ပါတယ်။
နှစ်ဦးစလုံး အဓိကအားဖြင့် ပြည်တွင်း အခွင့်အရေးတွေနဲ့ ပါဝင်ပက်သက်ခဲ့ရတယ်။
နှစ်ဦးစလုံးရဲ့ ဇနီးသည်တွေဟာ အိမ်ဖြူတော်မှာ နေထိုင်စဉ်အတွင်း ကလေးများ ဆုံးရုံးခဲ့ရတယ်။
သမ္မတနှစ်ဦးလုံး သောကြာနေ့မှာ ဦးခေါင်းကို ပစ်သတ်ခြင်း ခံခဲ့ရပါတယ်။
လင်ကွန်းရဲ့ အတွင်းရေးမှူးနာမည်က ကနေဒီဖြစ်တယ်။
ကနေဒီရဲ့ အတွင်းရေးမှူးနာမည်က လင်ကွန်းဖြစ်ပါတယ်။
နှစ်ဦးစလုံး တောင်ပိုင်းပြည်နယ်သားတို့ရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်။ သူတို့နှစ်ဦးနေရာမှာ တောင်ပိုင်းပြည်နယ်သားတို့ကပဲ ဆက်ခံခဲ့တာပါ.။
နှစ်ဦးစလုံးရဲ့ ဆက်ခံသူနာမည်မှာ ဂျွန်ဆင်(Johnson) ဖြစ်ပါတယ်။
လင်ကွန်းနေရာကို ဆက်ခံတဲ့ အင်ဒရူး ဂျွန်ဆင်(Andrew Johnson)ဟာ ၁၈၀၈ ခုနှစ်မှာ မွေးဖွားခဲ့တယ်။
ကနေဒီကို ဆက်ခံတဲ့ လင်ဒွန်း ဂျွန်ဆင်(Lyndon Johnson )ကတော့ ၁၉၀၈ ခုနှစ်မှာ မွေးဖွားခဲ့တယ်။
လင်ကွန်းကို လုပ်ကြံသတ်ဖြတ်သူ ဂျွန် ဝီကီ ဘုရှ်(John Wilkes Booth) က ၁၈၃၉ ခုနှစ်မှာ မွေးဖွားခဲ့တယ်။ ကနေဒီကို လုပ်ကြံသတ်ဖြတ်သူ လီ ဟာဗေ အော့ဝေါ့စ်(Lee Harvey Oswald)က ၁၉၃၉ ခုနှစ်မှာ မွေးဖွားခဲ့တယ်။
လုပ်ကြံသတ်ဖြတ်သူ နှစ်ဦးလုံးဟာ သူတို့ရဲ့ နာမည်သုံးလုံးကြောင့် ထင်ပေါ်ကျော်ကြား ခဲ့ပါတယ်။
နှစ်ဦးလုံးရဲ့ နာမည်များမှာ စာလုံးရေ တစ်ဆယ့်ငါးလုံး ပါဝင်ပါတယ်။
လင်ကွန်းက ကနေဒီအမည်ရ ကပွဲခန်းမထဲမှာ ပစ်သတ်ခံခဲ့ရတယ်။ ကနေဒီကတော့ လင်ကွန်းအမည်ရှိ ကားတစ်စင်းထဲမှာ ပစ်သက်ခံခဲ့ရတာပါ။
ဘုရှ်က ကပွဲခန်းမမှ ပြေးထွက်ပြီးနောက် ဂိုထောင်တစ်ခုထဲမှာ အဖမ်းခံခဲ့ရတယ်။
အော့ဝေါ့စ်ကတော့ ဂိုထောင်တစ်ခုမှပြေးထွက်ပြီး ကပွဲခန်းမတစ်ခုထဲမှာ အဖမ်းခံရတာပါ။
ဘုရှ်နဲ့ အော့ဝေါ့စ်တို့နှစ်ဦးဟာ အမှုစစ်ဆေးခြင်းမတိုင်မီ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရတယ်။
ဒီမှာ အဓိကအချက် ရောက်လာပါပြီ။
လင်ကွန်းက ပစ်သတ်ခြင်းမခံရမီ တစ်ပတ်အလိုက မေရီလန်းပြည်နယ် မွန်ရိုးမြို့(Monroe, Maryland) မှာ ရှိနေခဲ့တယ်။
ကနေဒီကတော့ ပစ်သတ်ခြင်းမခံရမီ တစ်ပတ်အလိုက မေရီလင်မွန်ရိုး (Marilyn Monroe) ထံမှာ ရှိနေခဲ့တာပါတဲ့။
နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref;Coincidences by Unknown..

1 comment:

  1. အံ့ဘွယ်တိုက်ဆိုင်မှုတစ်ရပ်ပဲဗျာ။

    ReplyDelete

စာရေးသူ၊ စာဖတ်သူများ အနှောင့်အယှက်မဖြစ်စေရန် ယဉ်ကျေးပျူငှာစွာ ပြောဆိုစေချင်ပါသည်။